(နိုင်ငံတကာ) အောက်တိုဘာ ၂၉
ရုရှား-ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားတပ်သားတွေ ဝင်ရောက်တိုက်ခိုက်လာမယ်ဆိုရင် အမေရိကန်အနေနဲ့ တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့် ကန့်သတ်ထားတာကို ဖယ်ရှားသွားမယ်လို့ ပင်တဂွန်က ပြောဆိုလိုက်ကြောင်း သိရပါတယ်။
ဒါဟာ ရုရှားကို ရောက်ရှိလာခဲ့ပြီးနောက် Kursk ဒေသ ရှေ့တန်းစစ်မျက်နှာပြင်ဆီ မြောက်ကိုရီးယားတပ်သားတွေကို ပို့ဆောင်ထးတယ်လို့ သတင်းတွေထွက်နေတဲ့ ရုရှားကို ခြိမ်းခြောက်လိုက်တာလည်းဖြစ်ပါတယ်။
တဖက်မှာလည်း ပူတင်က ယူကရိန်းကို တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ပေးရင် ကြီးမားတဲ့တုံပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ သတိပေးထားပါတယ်။
Telegram»…
https://t.me/positiveanglenews