သဘာဝဓာတ်ငွေ့ကုဗပေသန်း ၂၀ ခန့်အထိ နေ့စဉ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိ


(ပြည်တွင်း) အောက်တိုဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG မော်တော်ယာဉ်များ စုစုပေါင်းအစီးရေ ၃၀,၀၀၀ ခန့်အတွက် သဘာဝဓာတ်ငွေ့ကုဗပေသန်း ၂၀ ခန့်အထိ နေ့စဉ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိတယ်လို့ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနကနေ သိရပါတယ်။

မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)အရောင်းဆိုင်များမှာ CNG သုံး YBS မော်တော်ယာဉ်များ၊ အငှားယာဉ်များအပါဝင် အခြားသော CNG သုံးမော်တော်ယာဉ် စုစုပေါင်း ၃၀,၀၀၀ ခန့်ကို သဘာဝဓာတ်ငွေ့(CNG) အရောင်းဆိုင်များအားလုံးမှာ နေ့စဉ် ည ၁၁ နာရီအထိ ဖွင့်လှစ်ရောင်းချပေးနေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း CNG အရောင်းဆိုင်ပေါင်း ၄၁ ဆိုင်ရှိသည့်အနက် ယခင်က CNG အရောင်းဆိုင်အချို့သာ နံနက် ၄ နာရီမှ ည ၁၁ နာရီ အထိ ဖွင့်လှစ် ရောင်းချခဲ့ပေမယ့် လက်ရှိတွင် CNG သုံးမော်တော်ယာဉ်များ သဘာဝဓာတ်ငွေ့ ဖြည့်တင်းရာမှာ အဆင်ပြေစေရန် CNG အရောင်းဆိုင်အားလုံးကို နေ့စဉ် ည ၁၁ နာရီအထိ ဖွင့်လှစ်ရောင်းချ ပေးနေခြင်းဖြစ်ပါတယ်။

ဒါ့အပြင် CNG အရောင်းဆိုင်များတွင် လျှပ်စစ်မီးများပုံမှန်ရရှိစေရန်၊ မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်း ရမှု လျော့ကျစေရန်နှင့် မော်တော်ယာဉ်များ CNG ဖြည့်တင်းရာ မှာ ဓာတ်ငွေ့ Pressure များ အပြည့်အဝရရှိစေရန် သက်ဆိုင်ရာအစိုးရဌာနများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး CNG ဈေးနှုန်းများကို ယခင်ဈေးနှုန်းအတိုင်း မပြောင်း လဲဘဲ ဖြန့်ဖြူးရောင်းချပေးနေတာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN