(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၃၀
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ သကြားမုန် လာရဲ့ ကျန်းမာရေး ကောင်းကျိုးများအကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
အမျှင်ဓာတ်များတဲ့ သကြားမုန်လာ အစွမ်းကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်တွင်း ခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ လုပ် ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။ သကြား မုန်လာကို လေ့ကျင့် ခန်းမလုပ်ခင်စားခြင်း၊ဖျော်ရည်အနေနဲ့ သောက်ခြင်းက ကြွက်သားတွေအလုပ်လုပ်ဖို့ အောက်ဆီဂျင်လိုအပ်တဲ့နှုန်း ကို လျှော့ချပေးပါတယ်။ ကြွက်သားတွေ ကအချိန်ပိုကြာကြာ ကြံ့ခိုင်သန်စွမ်းနေမှာဖြစ်ပါတယ်။
သကြားမုန်လာစားသုံးခြင်းဟာ အသည်းကို သန့်စင်ပေးပြီး အသည်းရောင် အသားဝါ၊ အစာ အဆိပ်သင့်ခြင်း၊ ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ အဆီလည်း ကျစေတာကြောင့် အသည်း အဆီဖုံးခြင်း၊ နာတာရှည် ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်း ရောဂါ ၊Anemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါ နှင့် Betacyanin လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းပါဝင်တာကြောင့် ကင်ဆာရောဂါတို့ကို တိုက်ဖျက်ရာမှာလည်း အကူအညီများစွာပေးစွမ်း နိုင်တဲ့ ဆေးစွမ်းကောင်း တစ်လက်ပါပဲ။
အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး ကိုယ်အလေးချိန် တက်ခြင်းကိုလည်း လျော့ချပေးနိုင်ပါတယ်။ အမြင်အာရုံကောင်းစေရုံမျှမက ခံတွင်း အနံ့ဆိုးခြင်းကိုပါ ပျောက်ကင်း စေပါတယ်။
သကြားမုန်လာရဲ့နောက်ထပ်ကျန်းမာရေးအကျိုး ကျေးဇူးတွေကတော့ ကိုယ်တွင်း လှည့် ပတ်စီးဆင်းနေတဲ့ သွေးတွေကို သန့်စင်ပေးနိုင်သလို အသားရေကြည်လည်စေပြီး အရေပြား ပြဿနာတွေကို သက်သာပျောက်ကင်း စေပါတယ်။ ဦးနှောက်စွမ်းရည် မြင့်တက်စေလို့ အသက်ကြီးလာတဲ့အခါ ဖြစ်တတ်တဲ့ အတိတ်မေ့ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသေးတယ်။
သကြားမုန်လာအမြစ်မှာ လိုအပ်တဲ့ သံဓာတ် အပြည့်အဝ ပါဝင်နေလို့ ဖျော်ရည်အဖြစ် နေ့စဉ်သောက်သုံးတာပဲ ဖြစ်ဖြစ်၊ ဒီအတိုင်း ဟင်းထဲ ထည့်စားမယ်ဆိုရင်လည်း အသက်ရှုလမ်း ကြောင်းဆိုင်ရာ ရောဂါတွေမဖြစ်အောင် ကာကွယ်ထားရာ ရောက်လို့ ပုံမှန်စားပေးဖို့ တိုက်တွန်းချင်ပါတယ်။
#PAN