ပေါင် ၄၁၃ သန်း တန်ဖိုးရှိတဲ့ လေဆာကြားဖြတ်လက်နက်တခုကို အစ္စရေးက စမ်းသပ်


(နိုင်ငံတကာ) အောက်တိုဘာ ၂၉

Iron Beam လို နာမည်ပေးထားတဲ့ ပေါင် ၄၁၃ သန်း တန်ဖိုးရှိတဲ့ လေဆာကြားဖြတ်လက်နက်တခုကို စမ်းသပ်မယ့်အကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။

အဆိုပါလက်နက်ဟာ ဝေဟင်က ပစ်လွှတ်လိုက်တဲ့ လက်နက်အမျိုးအစားအမျိုးမျိုးကို ကာကွယ်ပေးမယ့် စနစ်ဖြစ်ပြီး လာမယ့်နှစ် အောက်တိုဘာလ ၂၈ နေ့မှာ စတင်အသုံးပြုသွားဖို့ကို အစ္စရေးက ပစ်မှတ်ထားနေပါတယ်။

မော်တာကျည်၊ ဒုံးကျည်နဲ့ အမြောက်ဆံ၊ UAV တွေကို ကြားဖြတ်ဟန့်တားနိုင်မယ်လို သိရကာ အစ္စရေးရဲ့ နာမည်ကျော် Iron Dome ထက် ပိုမိုအစွမ်းထက်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

ပြီးခဲ့တဲ့ လတွေအတွင်း ဟစ်ဇ်ဘိုလာ၊ ဟားမတ်စ်နဲ့ အီရန်တို့ရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကို အစ္စရေးက ရင်ဆိုင်ခဲ့ရပါသေးတယ်။

Telegram»…
https://t.me/positiveanglenews

PAN