(နိုင်ငံတကာ) အောက်တိုဘာ ၂၉
နေတိုးနှင့် အမေရိကန်တပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်နေသည့် ဆွစ်ဇာလန် ဝေဖန်ခံနေရကြောင်းသိရသည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုသည် လေကြောင်းကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ကြောင်း ဆွစ်ဇာလန်အစိုးရ ကြေညာထားသည်။
ဆွစ်ဇာလန်နိုင်ငံသည် ဘက်မလိုက်သည့် ကြားနေဝါဒကို အစဉ်တစိုက်ကျင့်သုံးခဲ့သည့် နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတကာ မီဒီယာများမှ မေးခွန်းထုတ်ဝေဖန်ခဲ့သည်။
အောက်တိုဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဆွစ်ဇာလန်လေပိုင်နက်အတွင်း ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်များ ပါဝင်ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews