ဒေါ်နယ်ထရမ့် က သမ္မတဖြစ်လာလျှင် ပြည်ပစစ်များကို ဆင်နွှဲမည်မဟုတ်ဟု ကတိပြု


(နိုင်ငံတကာ) အောက်တိုဘာ ၂၉

အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်ဖြစ်သည့် ဒေါ်နယ်ထရမ့် က ၎င်းသာ သမ္မတအဖြစ် ရွေးကောက်ခံရပါက ပြည်ပစစ်ပွဲများကို ဆင်နွှဲသွားမည်မဟုတ်ကြောင်း၊ အမေရိကန်နိုင်ငံသားများကို သူတို့အနေ ဖြင့် ကြားပင်မကြားဖူးသည့် ပြည်ပနိုင်ငံများသို့ စေလွှတ်ပြီး တိုက်ခိုက်သေဆုံးစေမည် မဟုတ်ကြောင်း ကတိပြု ထားသည်။

ထို့ပြင် ထရမ့် က ၎င်းသာလျှင် ကမ္ဘာ့ ပဋိပက္ခကြီးများဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်သည့် တစ်ဦးတည်း သောသူ ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် ပန်ဆယ်ဗေးနီးယားပြည်နယ်၌ ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲ တွင် ပြောသည်။

အလားတူ ၎င်း၏ပြိုင်ဘက်ဖြစ်သည့် ကမ်မလာ ဟဲရစ်သာ ရွေးကောက်ခံရလျှင် ပြည်သူသန်းပေါင်း များစွာ ၏အသက်များနှင့်ဘဝများကို လောင်းကြေးထပ်ရမည် ဖြစ်ကြောင်းနှင့် တတိယကမ္ဘာစစ်ကို ဖန်တီးသူမှာ ကင်မလာ ဟဲရစ်သာ ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောထားသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN