ဆော်ဒီနည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ နည်းပြ ရီနက်ဒ်


(အားကစား) အောက်တိုဘာ ၂၉

ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင်အမျိုးသားအသင်း နည်းပြသစ်အဖြစ် ပြင်သစ်လူမျိုး ရီနက်ဒ် ကို ပြန်လည်ခန့်အပ်လိုက်ပါတယ်။

ရီနက်ဒ်ဟာ ဆော်ဒီလက်ရွေးစင်အသင်းကို ၂၀၁၉ ဇူလိုင်ကနေ ၂၀၂၃ မတ်လအထိ တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းကို အုပ်စုတွင်းမှာ အနိုင်ရအောင် ဦးဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

ရီနက်ဒ် ဟာ ဆော်ဒီအသင်းနဲ့လမ်းခွဲခဲ့ပြီး ပြင်သစ်အမျိုးသမီးအသင်းကို ၂၀၂၃ ကမ္ဘာ့ဖလားနဲ့ ၂၀၂၄ ပဲရစ် အိုလံပစ် ပြိုင်ပွဲများမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဆော်ဒီအသင်းကို တာဝန်ယူနေတဲ့ အီတလီလူမျိုး ဝါရင့်နည်းပြတစ်ဦးဖြစ်တဲ့ မန်စီနီ လက်ထက်မှာ ရလဒ်တွေဆိုးရွားနေကြောင့် ယခင်နည်းပြဟောင်း ရီနက်ဒ် ကို ပြန်လည်ပြီး အစားထိုးခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

Webpage>>…
https://positiveanglenews.com/2024/10/29/2024-ballon-dor-ဆု-ရရှိခဲ့တဲ့-ရိုဒရီ/

VK Link>>…
https://vk.com/wall-220066330_8968

Telegram»…
https://t.me/positiveanglenews

PAN