(နိုင်ငံတကာ) အောက်တိုဘာ ၂၉
ဂါဇာမြောက်ပိုင်းရှိ အိုးအိမ်မဲ့ မိသားစုများ နေထိုင်သည့် အဆောက်အအုံတစ်ခုအား အစ္စရေးစစ်တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့ပြီး လူပေါင်း ၇၇ ဦးသေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ဒဏ်ရာရှိသူ ၁၅၀ ကျော်အား ဂါဇာမြောက်ပိုင်းရှိ Kamal Adwan ဆေးရုံတွင်ပိုဆောင်ကုသနေပြီး ဆေးဝါးနှင့် ကျန်းမာရေးဝန်ထမ်း မလောက်ငှမှုများဖြစ်ပေါ်နေကြောင်းသိရသည်။
ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဗဟုသုတရှိသူများနှင့် ခွဲစိတ်ဆရာဝန်များရှိပါက အဆိုပါဆေးရုံသို စေတနာ့ဝန်ထမ်းအဖြစ် လာရောက်ရန် ဖိတ်ခေါ်ထားသည်။
ထိုအပြင် “ယခုကဲ့သို လူမျိုးတုန်းသတ်ဖြတ်မှုအား ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးတွင် အဆုံးသတ်ပေးရန် တစ်ကမ္ဘာလုံးကို မေတ္တာရပ်ခံပါသည်”ဟု အဆိုပါ ဝန်ကြီးဌာနမှ တောင်းဆိုထားသည်။
Telegram»…
https://t.me/positiveanglenews