အီရန်က အစ္စရေးနှင့်အလုံးစုံစစ်ပွဲဆင်နွှဲရန် ပြင်ဆင်နေဟုဆို


(နိုင်ငံတကာ) အောက်တိုဘာ ၂၈

အီရန်အနေဖြင့် အစ္စရေးနှင့် အလုံးစုံစစ်ပွဲဆင်နွှဲရန် ပြင်ဆင်နေကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြလျှက်ရှိသည်။

အီရန်ဘာသာရေးခေါင်းဆောင် အာယာတိုလာခါမီနီက အစ္စရေးအနေဖြင့် အီရန်၏ အဓိက အရပ်ဘက် စစ်ဘက်နေရာများအားတိုက်ခိုက်လာမည်ဆိုပါက တန်ပြန်တိုက်ခိုက်မည့် အစီအစဉ်များ လုပ်ဆောင်ရန် စစ်တပ်အား အမိန့်ပေးထားကြောင်းသိရသည်။

အစ္စရေးနှင့်အီရန်၏ အပြန်အလှန်တိုက်ခိုက်မှုများအပြီးတွင် ထပ်မံတိုက်ခိုက်ခြင်းမရှိပဲ ငြိမ်သက်နေခဲ့သည်။

အစ္စရေးသည် တိုက်ခိုက်မှုအပြီးတွင် လက်စားချေမှုပြီးဆုံးကြောင်းကြေညာခဲ့သော်လည်း အီရန်က လက်တုန့်ပြန်မည်ဟု ထပ်မံကြေညာခဲ့သည်။

အစ္စရေးစစ်တပ်ကလည်း အီရန်အနေဖြင့် ထပ်မံတိုက်ခိုက်လာမည်ဆိုပါက ဒုံးကျည်ထောင်နှင့်ချီ အသုံးပြုကာ ပစ်လွှတ်တိုက်ခိုက်သွားမည်ဟုဆိုသည်။

Telegram»…
https://t.me/positiveanglenews

PAN