အင်ဒိုနီးရှားနိုင်ငံတွင် IPhone 16 စီးရီးကို ရောင်းချ သုံးစွဲခွင့်ပိတ်ပင်


(နိုင်ငံတကာ) အောက်တိုဘာ ၂၈

အင်ဒိုနီးရှားနိုင်ငံက အသစ်ထွက်ရှိထားသော IPhone 16 စီးရီးအားလုံးကို ရောင်းချခွင့် သုံးစွဲခွင့်အား ပိတ်ပင်ခဲ့ကြောင်းသိရသည်။

အင်ဒိုနီးရှား အစိုးရသည် ၎င်းတို့နိုင်ငံတွင် ရင်းနှီးမှုပြုလုပ်မည့် Apple ကုမ္မဏီ၏ ကတိကဝတ်မပြည့်စုံမှုတို့ကြောင့် ယခုကဲ့သို့ တရားမဝင်ကုန်စည်အဖြစ် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

အဆိုပါတားမြစ်ချက်တွင် Apple Watch Series 10 အပါအဝင် နောက်ဆုံးထွက်ရှိထားသော Apple ၏ နည်းပညာထုတ်ကုန်များလည်း ပါဝင်ကြောင်းသိရသည်။

Apple သည် အင်ဒိုနီးရှားနိုင်ငံတွင် အခြေခံအဆောက်အဦးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ ၁၀၉ သန်း ရင်းနှီးမြှုပ်နှံရန် ကတိကဝတ်ပြုထားသော်လည်း ၉၅ သန်းသာ ရင်းနှီးမြှုပ်နှံ့ခဲ့သည့်အတွက် အင်ဒိုနီးရှား စက်မှုဝန်ကြီးဌာနမှ ၎င်းတို့ပြည်တွင်းတွင် ရောင်းချရန် ကန့်သက်ခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN