(မှုခင်း) အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ နယ်၊ (စ)ရပ်ကွက်၊ ၁၂၅×၅၆ လမ်း ထောင့်တွင် ယမန်နေ့ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့်က အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံးနေကြောင်း သိရသည်။
အဆိုပါ သေဆုံးသူမှာ ထွန်းမင်းလတ်၊ အသက် ၃၈ နှစ်၊ (ဘ)ဦးဝင်းလှ၊ ပရိဘောဂလုပ်သား၊ ၅၁ လမ်း၊ ၁၂၀×၁၂၁ လမ်းကြား၊ သင်ပန်းကုန်းရပ်ကွက်၊ပြည်ကြီးတံခွန်မြို့ နယ် နေသူဖြစ်ကြောင်း သိရှိရပြီး ၎င်းသည် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၅လမ်း၊ ၅၅(C) လမ်းနှင့် ၅၆ လမ်းကြား၊ လမ်းဘေးရှိ မယ်ဇလီပင် ဂွကြားတွင် မှောက်လျက်အနေအထားဖြင့် သေဆုံးနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ သေဆုံးသူသည် (စ)ရပ်ကွက်၊ ၁၂၅ လမ်း၊ ၅၅(C) လမ်းနှင့် ၅၆ လမ်းကြား လမ်းဘေးရှိ မယ်ဇလီပင်ပေါ် သို့ မယ်ဇလီဖူးတက်ခူးရာမှ လမ်းဘေးတွင် မီးသွယ်တန်းထားသော လျှပ်စစ်မီးကြိုးဖြင့် ထိမိရာမှ ဓါတ်လိုက်ပြီး ဝဲ-လက် မီးလောင်စုတ်ပြဲဒဏ်ရာ၊ ဝဲ-ပခုံး ပွန်းဒဏ်ရာနှင့် ဝဲ/ယာခြေထောက် မီးလောင် စုတ်ပြဲ ဒဏ်ရာများရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews