ပင်လုံမြို့၊ မေတ္တာအေးရိပ်ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် နာယကကျောင်းဆောင် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားနှင့် မုဒ်ဦးဖွင့်ပွဲ ပြုလုပ်


(ပြည်တွင်း) အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၊ မေတ္တာအေးရိပ်ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် နာယကကျောင်းဆောင် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားနှင့် မုဒ်ဦးဖွင့်ပွဲကို အောက်တိုဘာလ ၂၇ ရက်နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မန်ဆူဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍတိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ ဒေါက်တာဘဒ္ဒန္တပုညနန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ အခမ်းအနားမှာ မန်ဆူဆရာတော်က ဦးဆောင်၍ အုတ်မြစ်တော်စီ မင်္ဂလာအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် အမွေးနံ့သာများပက်ဖြန်းခြင်းနှင့် ကံ့ကော်ပင်စိုက်ပျိုးခြင်း ပြုလုပ်ပေးခဲ့ကြပါတယ်။

ဆက်လက် ပြီး မန်ဆူဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မေတ္တာအေးရိပ် ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း မုဒ်ဦးကို ဖွင့်လှစ်ပေးပြီး ကျောင်းတိုက်ရှိ ဓမ္မစကူးကျောင်းသား၊ ကျောင်းသူများနှင့် ယာယီ နေရပ်စွန့်ခွာနေသူများကို စားသောက်ဖွယ်ရာများနှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်လှူဒါန်းကြတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN