(ပြည်တွင်း) အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ရွှေတောင်မြို့နယ်၊ ယင်းမူကုန်းအုပ်စု ထွေ/အုပ်စာရေးအား ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်ခန့်အချိန်က အကြမ်းဖက် PDF အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ယင်းမူကုန်းအုပ်စု ထွေ/အုပ်စာရေး ဦးအေးမင်းနိုင် အား မမဲကျေးရွာအနီးတွင် အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ၆ ချက်ခန့် ပစ်ခတ်ခဲ့သဖြင့် နေရာတွင်ပင်သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး၊ သေဆုံးသူ ဦးအေးမင်းနိုင် အား ဖုန်းဆက်၍ခေါ်သဖြင့်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ၎င်း၏ဖုန်းကိုလည်း အကြမ်းဖက် PDF အဖွဲ့မှ ယူဆောင်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆ မတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ် ခြင်းများပြုလုပ်လျက်ရှိသည်။
Telegram»…
https://t.me/positiveanglenews