(ပြည်တွင်း) အောက်တိုဘာ ၂၈
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် ရေဘေးကြုံတွေ့ခဲ့ရသော နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဆန်စပါးအသင်းများပူးပေါင်းကာ ကထိန်အလှူပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါစုပေါင်းမဟာဘုံကထိန်အလှူပွဲကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးညီနောင်အသင်းများ၊ မြန်မာနိုင်ငံ ဆန်စပါးမိသားစုများနှင့် ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း/ဘုရင့်နောင်/မူဆယ်)တို့မှအသင်းသူ/အသင်းသားများက စုပေါင်းကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
ယခုစုပေါင်းမဟာဘုံကထိန်အလှူပွဲက အကြိမ် (၂၀) မြောက်ဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၁၅ ရက်မှာ တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။
လက်ရှိ အချိန်မှာ စုပေါင်းမဟာဘုံကထိန်အလှူပွဲကျင်းပရန် ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)မှ ငွေကျပ်သိန်း ၅၀ မတည် လှူဒါန်းထားပြီး အသင်းသူ/အသင်းသားများအနေနဲ့ ပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ထားပါတယ်။
Telegram»…
https://t.me/positiveanglenews