အီရန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်တဲ့အနေဖြင့် အစ္စရေးနိုင်ငံက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်

(နိုင်ငံတကာ) အောက်တိုဘာ ၂၇

     ယမန်နေ့ စ​နေ​နေ့၊ နံနက်​စောစော ၂ နာရီ ၂၉ မိနစ် အချိန်၌ အစ္စရေးတပ်မတော် IDF ​ပြော​ရေးဆိုခွင့်ရှိသူ ​ရေတပ် ဗိုလ်ချုပ် Daniel Hagari မှ ကနဦးသတင်းထုတ်ပြန်မှု ပြုလုပ်ခဲ့ရာ ” အစ္စရေးနိုင်ငံအပေါ် အီရန်အစိုးရမှ လပေါင်းများစွာ ဆက် တိုက်တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ယခုအချိန်မှာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များ သည် အီရန်ရှိ စစ်ဘက်ဆိုင် ရာပစ်မှတ်များကို တိကျ သောတိုက်ခိုက်မှုများ ပြု လုပ်လျက် ရှိ​ ကြောင်း၊ အီရန်အစိုးရနှင့် ဒေသတွင်းရှိ ၎င်း၏ ကိုယ်စားလှယ်များသည် အီရန်မြေပြင်မှ တိုက်ရိုက်တိုက်ခိုက်မှုအပါအဝင် စစ်မျက်နှာစာ ခုနစ်ခုဖြင့် ယမန်နှစ် အောက်တိုဘာ ၇ ရက်ကစ၍ အစ္စရေးကို မဆုတ်မနစ် တိုက်ခိုက်လျက်ရှိ​ကြောင်း၊ ကမ္ဘာပေါ်ရှိ အခြားသော အချုပ်အခြာ အာဏာပိုင် နိုင်ငံတိုင်းကဲ့ သို့ပင် အစ္စရေးနိုင်ငံသည် တုံ့ပြန်ရန် အခွင့်အရေးနှင့် တာဝန်ရှိ​နေ​ကြောင်း၊ ကျွန်ုပ်တို့၏ ခံစစ်နှင့် ထိုးစစ်စွမ်းရည်များကို အပြည့်အဝ အထွတ်အထိပ် စုစည်းထားရှိပြီး အစ္စရေးနိုင်ငံနှင့် အစ္စရေးလူမျိုးများကို ကာကွယ်ရန် လိုအပ်သည် မှန်သမျှအား ကျွန်တော်တို့ လုပ်​ဆောင်သွားမည်”ဟု ထုတ်ပြန်​ပြောကြားခဲ့​သည်။

      “မင်္ဂလာနံနက်ခင်းပါ Shabbat Shalom၊ ..မကြာသေးမီက ကျွန်ုပ်တို့၏ လေယာဉ်များဟာ အီရန်ရှိ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ပြီးနောက် ဘေးကင်းစွာ ပြန်လာခဲ့ကြပါတယ်။ မကြာသေးမီလများအတွင်း အစ္စရေးနိုင်ငံအပေါ် အီရန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်တဲ့အနေဖြင့် ပြန်လည် တုံ့ ပြန်ခြင်းဖြစ်ပါတယ်။ လက်တုံ့ပြန် တိုက်ခိုက်မှု ပြီး မြောက်ခဲ့ပြီး ၎င်း၏ ရည်မှန်းချက်များ အောင်မြင်ခဲ့ပါတယ်။ နိုင်ငံရေး နယ်ပယ်အသီး သီးမှ ညွှန်ကြားမှုများ အပြီးမှာ ကျွန်ုပ်တို့ဟာ အီရန်ရှိ မတူညီသော နေရာများတွင် ပစ်မှတ်များကို တိကျစွာ ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။ ၎င်းတို့မှာ ပြီးခဲ့သောနှစ်အတွင်း အစ္စရေးနိုင်ငံကို တိုက်ခိုက်ရာတွင် အီရန်က အသုံးပြုသည့် ဒုံးကျည်ထုတ်လုပ်သည့် စက်ရုံများ ပါဝင်ပါတယ်။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် အီရန်၏ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်အခင်းအကျင်းများနှင့် အစ္စရေး၏ ဝေဟင်လွတ်လပ်စွာ စစ်ဆင်ရေးကို ကန့် သတ်ရန် ရည်ရွယ်ထားသည့် အီရန်၏ ဝေဟင်ပစ်စွမ်းရည်များကို ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့​ရာ ယခုအခါ အစ္စရေးသည် အီရန်တွင် ဝေဟင်လွတ်လပ်စွာ စစ်ဆင်ရေးကို ပိုမိုကျယ်ပြန့်လာနေပြီဖြစ်ပါတယ်။” ​၎င်းက ဆက်လက် ပြောကြားခဲ့​ကြောင်း သိရပါသည်။

      အီရန်နိုင်ငံအပေါ် အစ္စရေးက လက်တုံ့ပြန်တိုက် ခိုက်ခြင်း၏ အစဟု ထုတ်​ဖော်၍ စနေနေ့ နံနက် အစောပိုင်းမှာ တီဟီရန်နှင့် အနီးနားရှိ Karaj မြို့တခွင်မှာ ပေါက်ကွဲမှုငါးခု ဖြစ်ပွားခဲ့သည်ဟု အီရန်မီဒီယာမှ ဖော် ပြခဲ့​သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု သတင်းများ မရရှိခဲ့ဟု အီရန်က အေအက်ဖ်ပီသို့ ပြောကြားခဲ့​ပြီး အစ္စ​ရေး ကာကွယ် ရေးဝန်ကြီး Yoav Gallant သည် တဲလ်အဗီးရှိ IDF ဌာနချုပ်၏ လုံခြုံသော အဆောက်အအုံမှ တိုက်ခိုက်မှုများကို ညွှန်ကြားနေသည်ဟု အစ္စရေးမီဒီယာမှ ဖော်ပြခဲ့​သည်။ 

      တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား​နေ​​သော ကြောင့် အီရန်နိုင်ငံတစ်ဝှမ်းမှာ ပျံ့နှံ့နေတဲ့ အင်တာနက် ပြတ်တောက်မှု သတင်းတွေ ထွက်ပေါ်လာခဲ့​ကြောင်း သိရသည်။ ” IDF သည် လက်ရှိ၌ အီရန်ရှိ တိကျသော ပစ်မှတ်များကို တိုက်ခိုက်နေသည်” ဟု IDF ပြောရေး ဆိုခွင့်ရှိသူ Daniel Hagari က ထုတ်ပြန်ချက်တွင် ဖော်ပြထားကာ “ဒါဟာ အစ္စရေးနိုင်ငံအပေါ် အီရန်အစိုးရရဲ့ ဆက်တိုက်တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဖြစ်ပါတယ်။” ဟု ​ပြောဆို​သွားကြောင်း သိရပါသည်။

       IDF သည် တိုက်ခိုက်မှုနှင့် ကာကွယ်ရေးအတွက် လုံးလုံးလျားလျား ပြင်ဆင်ထားပြီး အီရန်နှင့် ဒေသတွင်းရှိ ၎င်း၏ proxy များထံမှ ဖြစ်ပေါ်တိုးတက်မှုများကို ​စောင့်ကြည့်လျက်ရှိ​​သည်။ Home Front Command မှာ အပြောင်းအလဲ မရှိဟု ကြေငြာထားကာ တိုက်ခိုက်မှုများကို အတည်ပြုရန်အတွက် အစ္စရေးလုံခြုံရေးဝန်ကြီး အဖွဲ့ကိုလည်း ခေါ်ယူခဲ့​သည်ဟု ဆိုသည်။

      အစ္စရေးဆက်သွယ်ရေးကုမ္ပဏီ Walla  ၏ အဆိုအရ ကီလိုမီတာ ၂,၀၀၀ ​ကျော်တွင် နောက် ဆုံးပေါ် F-35 အပါအဝင် လေယာဉ်အစင်းရေ ၁၀၀ ကျော် ပါဝင်ခဲ့ပြီး တိုက်ခိုက်မှုများ ​ဆောင် ရွက်ခဲ့​ခြင်းဖြစ်သည်။ အီရန် ပစ်မှတ်များကို တိုက်ခိုက်မှုမတိုင်ခင်မှာ အစ္စရေးက အမေရိကန်ကို အကြောင်းကြားခဲ့​သော်လည်း စစ်ဆင်ရေးမှာ ပါဝင်ခဲ့ခြင်းမရှိလို့ အမေရိကန်အရာရှိတစ်ဦးမှ ရိုက်တာသို့ ပြောဆိုခဲ့​ကြောင်း သိရသည်။ ” မိမိကိုယ်ကို ခုခံကာကွယ်ရေးအဖြစ် အစ္စရေးက အီရန်နိုင်ငံရှိ စစ်ဘက်ပစ်မှတ်များသို့ ပစ်မှတ်ထား၍ တိုက် ခိုက်နေခြင်းကို ကျွန်ုပ်တို့ နားလည်ကြောင်း၊ အောက်တို ဘာ ၁ ရက်က အစ္စရေးကို အီရန်၏ ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်းအ​ပေါ် တုံ့ပြန် လုပ်ဆောင်ခြင်းဖြစ်တယ်။” ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆို ခွင့်ရှိသူ Sean Savett က ကြေ ညာချက်ထုတ်ပြန်ခဲ့ကာ “သူတို့ရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး နောက်ထပ် အချက်အလက်အတွက် အစ္စရေး အစိုးရကို ငါတို့ ညွှန်ပေးမယ်။”  ဟု ​ပြောဆိုခဲ့​ကြောင်း သိရပါသည်။

      အီရန်နိုင်ငံရှိ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်၏ ဌာနချုပ်တည်နေရာကို အစ္စရေးက တိုက် ခိုက်ခဲ့သည်။ “ကျွန်ုပ်တို့သည် အတိတ်မှာ ကျွန်ုပ်တို့ကို ခြိမ်းခြောက်လာနိုင်သည့် သို့မဟုတ် အနာဂတ်တွင် လုပ်ဆောင်နိုင်သည့်အရာများကို ပစ်မှတ်ထားနေပါသည်” ဟု အစ္စရေး အရာရှိတစ်ဦးကို NBC သတင်းက ကိုးကား၍ ပြောကြားခဲ့​သည်။  အစ္စရေးသည် အီရန်နျူကလီးယား စက်ရုံများ သို့မဟုတ် ရေနံမြေများသို့ တိုက်ခိုက်ခြင်း မဟုတ်ဘဲ စစ်ရေးပစ်မှတ်များကို အာရုံစိုက်နေသည်ဟု အရာရှိက ဆက်လက် ပြောကြားခဲ့​သည်။

     တီဟီရန်၌ တိုက် ခိုက်မှုအများအပြားမှာ တီဟီရန်တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းရှိ စစ်အခြေစိုက်စခန်းများကို ပစ် မှတ်ထားမှုဟု အီရန်မီဒီယာများမှ ဖော်ပြခဲ့​သည်။ Karaj သည် ပေါက် ကွဲသံများ ကြားရသော မြို့များထဲမှ တစ်ခုဖြစ်ပြီး အီရန်၏ နျူကလီး ယား ဓာတ်အားပေးစက်ရုံများ ပါဝင်​ကာ Tasnim သတင်းဌာနက “တီဟီရန် ကောင်းကင်ယံမှာ ဒုံးကျည်တွေ ဒါမှမဟုတ် လေယာဉ်ပျံသံတွေ အခုထိ ကြားရတာ ဘာမှ သတင်းမရသေးပါဘူး” ဟုဆိုထား​သည်။

     IDF သည် ပြိုင်တူ စစ်ဆင်ခြင်းအဖြစ် ဂါဇာကမ်းမြှောင်ရှိ Al-Bureij ဒုက္ခသည်စခန်းကို အမြောက်များဖြင့် စတင်တိုက်ခိုက်ခဲ့ကာ အကြမ်းဖက်စခန်းများသို့ ဝေဟင်နှင့် မြေပြင်တိုက်ခိုက်မှုများ အပါအဝင် ဒေသတွင်းတွင် ပိုမိုကျယ်ပြန့်သောတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အစ္စရေးမီဒီယာက ဖော်ပြခဲ့​သည်။ ဆီးရီးယားရှိ ပစ်မှတ်များကိုလည်း အစ္စရေးက တိုက်ခိုက်ခဲ့ပြီး ဆီးရီးယား အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ နေရာများကို တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားစစ်တပ်က အတည်ပြုခဲ့​သည်။ 

       အီရန်သည် ၎င်း၏လေပိုင်နက်ကို တိုက်ခိုက်မှုအပြီးတွင် ပိတ်သိမ်းထားခဲ့​သည်။ သောကြာနေ့က တီဟီရန်မြို့ရှိ အီရန်ကာကွယ်ရေးဝန်ကြီး ဌာန ဆိုက်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် သတင်းကို တီဟီရန် မီးသတ်ဌာနက ငြင်းဆိုထားသည်။ 

     အီရန်ကို တုံ့ပြန်တဲ့ ” Days of Repentance” စစ်ဆင်ရေး ပြီးမြောက်ခဲပြီဟု ယမန်နေ့ နံနက်အစောပိုင်းမှာ IDF က ကြေညာခဲ့​သည်။ အစ္စရေးနှင့် ၎င်း၏ နိုင်ငံသားများအပေါ် ဆက်တိုက်တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အဆိုပါ တိုက်ခိုက်မှုများအား IDF မှ တုံ့ပြန်ဆောင် ရွက်ခဲ့​ပြီး IDF မှ စစ်ဆင်ရေးပြီးသွားကာ မစ်ရှင်ပန်းတိုင်များ အားလုံး အောင် မြင်ပြီး​မြောက်ခဲ့မှုကို အတည်ပြုခဲ့ပြီး လေယာဉ်များအားလုံး အိမ်သို့ ဘေးကင်းစွာ ပြန်လာခဲ့​သည်ဟုဆိုသည်။ ပြီးခဲ့သောနှစ်က အစ္စရေးသို့ ပစ်လွှတ်ခဲ့သော အီရန် ဒုံး ကျည်များ ထုတ်လုပ်သည့်နေရာများကို IAF က တိုက် ခိုက်ခဲ့​ကြောင်း၊ တစ်ချိန်တည်းမှာပင် IDF သည် အီရန်၌ အစ္စရေး၏ ဝေဟင်လွတ်လပ်စွာ စစ်ဆင်မှုကို ကန့် သတ်ရန် ရည်ရွယ်သည့် မြေပြင်မှ ဝေဟင်ပစ် ဒုံး ကျည်များအား တိုက်ခိုက်ခဲ့​ကြောင်း သိရပါသည်။

       ” အီရန်အစိုးရသည် အစ္စရေးနိုင်ငံနှင့် ၎င်း၏ အရပ်သားများကို ဆက်လက်တိုက်ခိုက်နေပါက အစ္စရေးနိုင်ငံမှ ၎င်း၏ နိုင်ငံသားများအား ခုခံကာကွယ်ပိုင်ခွင့် လက်ဝယ်ထားရှိပါသည်” ဟု IDF မှ ပြောကြားခဲ့​ကြောင်း သိရပါသည်။

      ဆော်ဒီအာရေးဗီးယားက အီရန်အား ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် ၎င်း၏အချုပ်အခြာ အာဏာနှင့် နိုင်ငံတကာဥပဒေများအ​ပေါ် ချိုးဖောက်ခြင်းဖြစ်သည်ဟု ယမန်နေ့က ရှုတ်ချခဲ့ပြီး တင်းမာမှုများ လျှော့ချရန်နှင့် ဒေသတွင်း ပဋိပက္ခများအဆုံးသတ်ရန် နိုင်ငံ တကာ အသိုက်အဝန်းမှ အရေးယူဆောင်ရွက်ရန် တိုက်တွန်းထား​သည်ဟု သိရပါသည်။

#PAN