(ပြည်တွင်း) အောက်တိုဘာ ၂၇
တရုတ်နိုင်ငံက ကုန်စည်တင်သွင်းခွင့် ပိတ်လိုက်ပြီးနောက် တရုတ်မြန်မာနယ်စပ် မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့မှာ ၆ ရက်အတွင်း ဓာတ်ဆီ တစ်လီတာ ၄၆၀၀ ကျပ်ကနေ ၉၅၀၀ ကျပ်အထိ မြင့်တက်လာနေကြောင်း ဒေသခံသတင်းများထံမှ သိရသည်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်ကစပြီး တရုတ် – မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ မူဆယ် – ကျယ်ခေါင် ဂိတ်အပါအဝင် နယ်စပ်ဂိတ်တွေအားလုံးကို တရုတ်ဘက်က ရက်အကန့်အသတ်မရှိ ကုန်စည်တင်သွင်းခွင့် ပိတ်လိုက်ပြီးနောက် ယမန်နေ့ အောက်တိုဘာ ၂၆ ရက်အထိ ၅ ရက်အတွင်း ဓာတ်ဆီစျေး ၂ ဆအထိမြင့်တက်လာခဲံပြီး ဆီပြတ်လပ်တဲ့အခြေအနေအထိ ဖြစ်လာကြောင်း ဒေသခံသတင်းများအရ သိရသည်။
Telegram»…
https://t.me/positiveanglenews