(ပြည်တွင်း) အောက်တိုဘာ ၂၇
အောက်တိုဘာ ၂၇ ရက်နေ့မှာ နောင်ချိုမြို့နယ်၊ ဂန့်ဂေါ်ဒေသဘက်မှာ ဆုတ်ခွာထွက်ပြေးနေတဲ့ အကြမ်းဖက် TNLA အဖွဲ့ကို ထပ်ကြပ်မကွာ လိုက်လံချေမှုန်းလျက်ရှိကြောင်း သိရသည်။
အကြမ်းဖက် TNLA အဖွဲ့ကို Drone များ၊ အမြောက်များနဲ့ လိုက်လံချေမှုန်းနေသလို စစ်ကြောင်းများမှလည်း ချေမှုန်းလျက်ရှိရာ TNLA အဖွဲ့များ အကျအဆုံးများစွာနဲ့ ထွက်ပြေးနေကြရကြောင်း သိရသည်။
ယနေ့ လိုက်လံချေမှုန်းစဉ် ကျန်ရစ်ခဲ့သော ရန်သူ့အလောင်းနှင့် လက်နက်များမှာ အကြမ်းဖက် TNLA အလောင်း ၁၇ လောင်း၊ Type-81 သေနတ် ၃ လက်၊ RPG ဗုံးသီး ၃၇ လုံး၊ ပိုကျည် ၂၉ တောင့်၊ ကျည် ၅၂၀၀ တောင့်ကျော်၊ အီနာဂါ ၈ လုံး၊ ကျည်အိမ် ၃၃ ခု၊ တရုတ်လက်ပစ်ဗုံး ၇ လုံး၊ ဒရုန်းဂန်း ၁ လက်၊ TNLA ယူနီဖောင်း ၁၉ စုံ၊ PDF ယူနီဖောင်း ၁ စုံ၊ ကျောပိုးအိတ် ၂၃ လုံး၊ အီကွေ့မန့် ၁၀ ခု၊ ဂျန်ဘာ ၁ ခု၊ အိုက်ကွန် ၂ လုံး၊ ဘေးလွယ်အိတ် ၃ လုံး၊ စောင် – ၃ ထည်၊ မှတ်ပုံတင် ၂ ခု၊ မှန်ပြောင်း ၁ လက်နှင့် ကျည်ပုံးခွံ ၉ ပုံးတို့အား သိမ်းဆည်းရရှိခဲ့ကကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews