“အိန္ဒိယနှင့်တရုတ်တပ်ဖွဲဝင်များ နယ်စပ်ဒေသများမှ ဆုတ်ခွာ”

(နိုင်ငံတကာ) အောက်တိုဘာ ၂၆

ပြီးခဲ့တဲ့ နှစ်များအတွင်းက အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား အပြန်အလှန်အငြင်းပွားမှုများ ဖြစ်ပွားစေခဲ့သော နယ်စပ်ဒေသအရေးတင်းမာမှုနှင့် ပတ်သက်၍ သဘောတူညီချက်ရရှိပြီးနောက် နှစ်နိုင်ငံစလုံးမှ တပ်ဖွဲ့ဝင်များက နယ်စပ်ဒေသများမှ စတင်ဆုတ်ခွာနေပြီဖြစ်ကြောင်း အိန္ဒိယအစိုးရ၏ သတင်းရင်းအမြစ်တစ်ခုက ပြောသည်။

 ထိုနှစ်နိုင်ငံကြား နယ်စပ်ဒေသကင်းလှည့်မှု သဘောတူညီချက်ကို ယခုသီတင်းပတ်အတွင်း ရရှိခြင်းဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တို့ကလည်း ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံ၊ ကာဇန်မြို့၌ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ခဲ့သည်။

နှစ်နိုင်ငံတပ်ဖွဲ့များသည် အဆိုပါနယ်စပ်ဒေသကင်းလှည့်မှု သဘောတူညီချက်အရ နောက်ဆုံးတည်ရှိ နေသော ရှေ့တန်းစခန်းများမှ စတင်ဆုတ်ခွာခြင်းဖြစ်သည်ဟု ထိုသတင်းအရင်းအမြစ်က အောက်တိုဘာလ ၂၅ ရက်တွင် ပြောသည်။

 အလားတူ ထိုသို့တပ်ဖွဲ့ဝင်များ ဆုတ်ခွာမှုသည် ချောချောမွေ့မွေ့ရှိကြောင်း တရုတ်ဘက်က ထုတ်ပြန်ထားသည်။

PAN