ဗဟိုဘဏ်က နိုင်ငံခြားငွေများကို ငါးရက်ဆက်၍ ရောင်းချပေးခဲ့

(ပြည်တွင်း)အောက်တိုဘာ ၂၆

     မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်တွင် နိုင်ငံခြားငွေများကို ငါးရက် ဆက်တိုက် ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်မှထုတ်ပြန်တဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

      ဗဟိုဘဏ်အနေနဲ့ အောက်တိုဘာလ ၂၀ ရက်မှာ စက်သုံးဆီနဲ့ စားသုံးဆီလုပ်ငန်းရှင်များအား အမေရိကန် ဒေါ်လာ ၃၅ သန်း၊ အောက်တို ဘာလ ၂၁ ရက်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းကျော်နဲ့ တရုတ်ယွမ်ငွေ ၁ သန်းခွဲကျော်၊ အောက်တို ဘာလ ၂၂ ရက်မှာ အမေရိကန်ဒေါ်လာ ၇ သန်းခွဲကျော်နဲ့ ထိုင်းဘတ်ငွေ သန်း ၁၅၀ နီးပါး၊ အောက်တိုဘာလ ၂၃ ရက်မှာ အမေရိကန်ဒေါ်လာ ၂ သန်းခွဲကျော်နဲ့ ထိုင်းဘတ်ငွေ ၁၆ သန်းခွဲကျော်၊ အောက်တိုဘာလ ၂၄ ရက်မှာ အမေရိကန်ဒေါ်လာ ၁ သိန်းကျော်နဲ့ ထိုင်းဘတ်ငွေ ၈ သန်းကျော်တို့ကို ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

       မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ငါးရက် ဆက် ရောင်းချပေးခဲ့တဲ့ နိုင်ငံခြားငွေစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၄၇ သန်းကျော်၊ တရုတ်ယွမ်ငွေ ၁ သန်းခွဲကျော်နဲ့ ထိုင်းဘတ်ငွေသန်း ၁၇၀ ကျော် ဖြစ်ပါတယ်။

      နိုင်ငံခြားငွေများကို အခုလိုဖြန့်ခွဲရောင်းချပေးတာကြောင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ အဆင်ပြေနိုင်ပြီး ပြင်ပဈေးကွက်၌လည်း ငွေလဲနှုန်းကျဆင်းလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က ပြောဆိုထားပါတယ်။

#PAN