ဆော်ဒီလက်ရွေးစင်အသင်းနှင့်လမ်းခွဲခဲ့တဲ့ နည်းပြ မန်ချီနီ


(အားကစား) အောက်တိုဘာ ၂၆

ဆော်ဒီလက်ရွေးစင်အသင်းက နည်းပြ မန်ချီနီ နဲ့ သဘောတူလမ်းခွဲလိုက်ပြီလို့ အောက်တိုဘာလ ၂၄ ရက်မှာ တရားဝင်ကြေညာခဲ့ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်းရဖို့အတွက် ရုန်းကန်ခဲ့ရပြီးနောက် ဆော်ဒီလက်ရွေးစင်အသင်းဟာ နည်းပြမန်ချီနီနဲ့ လမ်းခွဲဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အသက် ၅၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မန်ချီနီဟာ ဆော်ဒီလက်ရွေးစင်အသင်းကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လက စတင်ပြီး နည်းပြအဖြစ် တာဝန်ယူခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းရဖို့အတွက် ရုန်းကန် ခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြ မန်ချီနီ လက်ထက်မှာ ဆော်ဒီလက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့အာရှဖလားပြိုင်ပွဲမှာ တောင်ကိုရီးယား အသင်းကို ပင်နယ်တီနဲ့ရှုံးနိမ့်ပြီး (၁၆)သင်းရှုံးထွက် အဆင့်မှာတင် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

လက်ရှိမှာ ၂၀၂၆ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့အတွက် ကြိုးစားနေတဲ့ ဆော်ဒီအသင်းဟာ အုပ်စုပွဲစဉ် ၄ ပွဲကစားပြီးချိန်မှာ ၁ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာမှာ ရပ်တည်နေပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN