KIA အဖွဲ့အတွင်းတွင် ဗမာ PDF များအား လူမျိုးရေးအရ ဖိနှိပ်ဆက်ဆံမှုများကြောင့် အလင်းဝင်ရောက်မှုများရှိနေ


(ပြည်တွင်း) အောက်တိုဘာ ၂၅

ယမန်နေ့ညနေပိုင်းအချိန်က မြစ်ကြီးနားမြို့နယ်ရှိ တပ်မတော်စစ်ကြောင်းတစ်ခုထံသို့ PDF ၂ ဦး လက်နက်ဖြင့် လာရောက်ခိုလှုံအလင်းဝင်ခဲ့ကြောင်း သိရှိရသည်။

အလင်းဝင်ရောက်သူ PDF ၂ ဦး၏ ပြောကြားချက်အရ KIA အဖွဲ့အတွင်းတွင် ဗမာ PDF များအား လူမျိုးရေးအရ ဖိနှိပ်ဆက်ဆံပြီး စားနပ်ရိက္ခာ အနည်းငယ်သာပေးခြင်း၊ ရွာများတွင် ဆက်ကြေးကောက်၍ ထမင်းထုပ်များ အမြဲတမ်းတောင်းစား နေရမှုကြောင့် ဒေသခံများမှ မုန်းတီးလာခြင်းတို့ကြောင့် အလင်းဝင်ရောက်လာခြင်းခဲ့ကြောင်း သိရှိရသည်။

အလင်းဝင်ဖို့ ကြိုးစားနေတာ ၁ လခန့်ရှိနေပြီး အခွင့်အရေးရချိန်မှာ စစ်ကြောင်းနဲ့ ချိတ်ဆက်ပူးပေါင်း ခဲ့တာဖြစ်ကြောင်း၊ ၎င်းတို့ ၂ ဦး အခြေအနေကို စောင့်ကြည့်နေပြီး ထပ်မံ အလင်းဝင်ရောက်မယ့်သူများလည်း ရှိသေးကြောင်း သိရှိရသည်။

အလင်းဝင် PDF ၂ ဦးတို့သည် KA သေနတ် ၂ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၁၀၀ တောင့်တို့ဖြင့် အခွင့်အရေးရချိန်မှာ စစ်ကြောင်းနဲ့ ချိတ်ဆက်ပူးပေါင်းကာ အလင်းဝင်ခဲ့တာဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN