အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း နယ်စပ်ဖြတ်ကျော်မှုခင်းတွေကိုကို အတူတကွ ပူးပေါင်းတိုက်ဖျက်ကြရန် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံတို့က ကိုယ်စားလှယ်အဖွဲ့တွေကို နစကဥက္ကဋ္ဌ တိုက်တွန်း


(ပြည်တွင်း) အောက်တိုဘာ ၂၅

အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း နယ်စပ်ဖြတ်ကျော်မှုခင်းတွေကိုကို အတူတကွပူးပေါင်းတိုက်ဖျက်ကြရန် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့တွေကို နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံသို့ တက်ရောက်ခဲ့သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ နဲ့ ဗီယက်နမ်နိုင်ငံတို့က ရဲချုပ်တွေနဲ့ အဆင့်မြင့် ရဲအရာရှိကြီးတွေ၊ အာဆီယံရဲအဖွဲ့ အတွင်းရေးမှူးရုံး၊ အမှုဆောင်ဒါရိုက်တာတို့က နစကဥက္ကဋ္ဌထံ လာရောက်တွေ့ဆုံရာမှာ အခုလို တိုက်တွန်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း နိုင်ငံအလိုက်ပူးပေါင်းတိုက်ဖျက်ရမယ့် နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို အတူတကွ ပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း၊ အခုလိုဆောင်ရွက်ခြင်းဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာတွေ၊ လက်နက်ခဲယမ်းများ မှောင်ခို ရောင်းချတာတွေ၊ အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်တာတွေကို ထိထိရောက်ရောက်တားဆီး နှိမ်နင်း နိုင်မှာဖြစ်တယ်လို့ တိုက်တွန်းပြောဆိုလိုက်တာပါ။

အဲဒီနောက် မြန်မာနိုင်ငံရဲချုပ်က အာဆီယံရဲအဖွဲ့ညီလာခံများ ကျင်းပပြုလုပ်ခဲ့မှု၊ ရည်ရွယ်ချက်တွေကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ညီလာခံတက်ရောက်လာကြတဲ့ ကိုယ်စားလှယ်အဖွဲ့တွေက နိုင်ငံအလိုက် တစ်ဦးချင်းမိတ်ဆက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

အဲဒီတွေ့ဆုံပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိတ့ (၄၂) ကြိမ်မြောက် အာဆီယံ ရဲအဖွဲ့ ညီလာခံကို အောက်တိုဘာ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့တို့မှာ နေပြည်တော်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး ညီလာခံပိတ်ပွဲအခမ်းအနားမှာ (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံရဲ့ ပူးတွဲ ကြေညာချက်ကို လက်မှတ်ရေးထိုးတာတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

လာမယ့် (၄၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်တာကြောင့် အာဆီယံရဲအဖွဲ့အထိမ်းအမှတ် ကမ္ပည်းပြားကို ထိုင်းတော်ဝင် ရဲအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN