ဟူသီသူပုန်တွေက တိုက်ခိုက်နေရာမှာ ပစ်မှတ်ထားခြေရာခံနိုင်ဖို့အတွက် လိုအပ်တဲ့ ဒေတာတွေကို ရုရှားက ထောက်ပံ့ပေးနေတယ်လို့ အစီရင်ခံစာတွေက ဖော်ပြခဲ့


(နိုင်ငံတကာ) အောက်တိုဘာ ၂၅

ပင်လယ်နီအတွင်း သင်္ဘောတွေကို ဟူသီသူပုန်တွေက တိုက်ခိုက်နေရာမှာ ပစ်မှတ်ထားခြေရာခံနိုင်ဖို့အတွက် လိုအပ်တဲ့ ဒေတာတွေကို ရုရှားက ထောက်ပံ့ပေးနေတယ်လို့ အစီရင်ခံစာတွေက ဖော်ပြခဲ့ကြကြောင်း သိရပါတယ်။

ဂြိုလ်တုဓာတ်ပုံတွေကို ရုရှားက ပေးပိုခဲ့တယ်လို့ Wall Street Journal က မနေ့က ဖော်ပြခဲ့ပါတယ်။

The US Daily ကလည်း ဖော်ပြမှုလုပ်ခဲ့ပြီး အီရန်တော်လှန်ရေးအစောင့်တပ်ကတဆင့် ဟူသီတွေက ရရှိနေတာလို့ ဆိုပါတယ်။

ဟူသီတွေဟာ ကုန်တင်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး အမေရိကန်နဲ့ ဗြိတိန်တို့ကလည်း တုံပြန်မှုတွေ လုပ်ဆောင်ခဲ့ကြရကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN