သွေးတိုးသမားများအတွက် ကောင်းတဲ့ အစား အစာများ

(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၂၅

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ သွေးတိုးသမားများအတွက် ကောင်းတဲ့ အစားအစာများအကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    စတော်ဘယ်ရီသီးတွေ၊ ရက်စ်ဘယ်ရီသီးတွေ၊ ဘလူးဘယ်ရီသီးေတွကို မနက်စာအဖြစ် စားသုံးပေးခြင်းက ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။ အထူးသဖြင့် ဘလူးဘယ်ရီသီးထဲမှာ ဆိုရင် Flavonoids လို့ခေါ်တဲ့ သဘာဝဓာတ်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ လေ့လာချက်တွေအရ အဲ့ဒီသဘာဝ ဓာတ်ပေါင်းက သွေးတိုး ရောဂါ ခံစားရနိုင်ခြေကို လျော့နည်းစေပြီး သွေးပေါင် ချိန်ကို မှန်ကန်စေတယ်လို့ သိရပါတယ်။

      အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဆလပ် ရွက်၊ ကိုက်လန်ရွက်၊ ဟင်းနုနွယ်ရွက် အစရှိတဲ့ လတ် ဆတ်သော ဟင်းသီးဟင်းရွက်တို့ကို နေ့စဉ်မှန်မှန် စားသုံးပေးသင့်ပါတယ်။ အဲ့ဒီ ဟင်း သီးဟင်းရွက်တွေကို နွားနို့နဲ့ပဲ ဖြစ်ဖြစ် ငှက်ပျော သီးနဲ့ပဲ ဖြစ်ဖြစ် တွဲဖက်ဖျော်သောက်ပေးပါက သွေးပေါင်ချိန်ကို မှန်ကန်စေမှာပဲဖြစ်ပါတယ်။

      ပရိုတင်းဓာတ် အရင်းအမြစ်ကို ငါးစားသုံးခြင်းကနေ ရရှိနိုင်ပါတယ်။ မက်ကရယ်ငါး၊ ဆော်လမွန်ငါးကဲ့သို့ ငါးတွေက သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့ အိုမီဂါသရီး ဖက်တိအက်ဆစ်တွေ ပါဝင်တာကြောင့် ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် အချို့ရေချိုငါးတွေက သွေးပေါင်ချိန်ကို လျော့နည်းစေတဲ့ ဗီတာမင်ဒီဓာတ်လည်း ပါဝင်ပါတယ်။

     လေ့လာတွေ့ရှိချက်အရ ကြက်သွန်ဖြူက ခန္ဓာ ကိုယ်ရှိ နိုက်ထရစ်အောက်ဆိုဒ် ပါဝင်မှုကို တိုးမြှင့်ပေးကာ သွေးတိုးခြင်းကနေ ကာကွယ်ပေးတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် သင့်မှာ သွေးတိုး ရောဂါရှိတယ်ဆိုရင် ကြက်သွန်ဖြူ၊ ပူစီနံ၊ သစ်ကြမ်းပိုးခေါက် စတဲ့ အစားအစာတွေကို နေ့စဉ်မှန်မှန်စားသုံးပေးသင့်ပါတယ်။

      ပိုတက်စီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးခြင်းက ဖြည့်စွက်စာတွေ၊ ဆေးဝါးတွေ မှီဝဲခြင်းထက် ပိုမိုကောင်းမွန်ပါတယ်။ အဲ့ဒါကြောင့် ပိုက်တက်စီယမ်ဓာတ်ကြွယ်ဝတဲ့ ငှက် ပျောသီးကို နေ့စဉ်မှန်မှန်စားသုံးပေးသင့်ပါတယ်။ မနက်စာအဖြစ် သို့မဟုတ် အဆာပြေ စားချင်တယ်ဆိုရင်တော့ ငှက် ပျောသီးကို ကြက်ဥပြုတ်နဲ့ တွဲဖက်စားသုံးပေးလိုက်ပါ။ 

#PAN