ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အလုပ်အကိုင်အခွင့်အလမ်း ၆၂၂ ဦး လုပ်ကိုင်နိုင်မယ့် လုပ်ငန်း နှစ်ခုကို ခွင့်ပြု


(ပြည်တွင်း) အောက်တိုဘာ ၂၅

ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကို အောက်တိုဘာလ ၂၃ ရက်က တိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ ကျင်းပခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၆၂၂ ဦး လုပ်ကိုင်နိုင်မယ့် လုပ်ငန်းနှစ်ခုကို အတည်ပြုပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့်ပစ္စည်းနမူနာ ပြသထားရှိမှုကို ဦးစွာကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ထို့နောက် တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု၊ စက်မှုကဏ္ဍတွင် ဖက်စပ်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတစ်ခုတို့ကို အတည်ပြုပေးခဲ့ပါတယ်။

အတည်ပြုပေးခဲ့တဲ့ လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ပါတယ်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ငွေကျပ်သန်း ၈၆၀ နှင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၀၃ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၆၂၂ ဦးအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မှာဖြစ်ကြောင်းသိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN