ယူကရိန်းတို့ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ ရုရှားပိုင်နက် Kursk ဒေသဆီကိုမြောက်ကိုရီးယားတပ်ဖွဲ့တွေကို တပ်ဖြန့်လိုက်ပြီဟုဆို


(နိုင်ငံတကာ) အောက်တိုဘာ ၂၅

ယူကရိန်းတို့ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ ရုရှားပိုင်နက် Kursk ဒေသဆီကို ရုရှားမှာ‌ လေ့ကျင့်ခဲ့တဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို တပ်ဖြန့်လိုက်ပြီလို့ The Hill က မနေ့က ဖော်ပြလိုက်ကြောင်း သိရပါတယ်။

ယူကရိန်းထောက်လှမ်းရေးကလည်း ရုရှားအရှေ့ပိုင်းက စစ်စခန်း ၅ ခုအနက် တခုမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ လေ့ကျင့်နေတာကို တွေ့ရှိရတယ်လို့ တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။

ဒါဟာ တိုက်ပွဲဇုန်အတွင်း မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရောက်ရှိလာခဲ့ပြီဆိုတာပါပဲ။ ရုရှားသမ္မတပူတင်ကလည်း ဒီသတင်းတွေကို ငြင်းဆိုခြင်းမရှိဘူးလို့ မီဒီယာတွေက ဖော်ပြထား ပါတယ်။

ယူကရိန်းကာကွယ်ရေးဌာနကတော့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၂၀၀၀ ခန့်အထိ ပို့ဆောင်ထားနိုင်တယ်လို့ ခန့်မှန်းထားတာပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN