နှင်းသီးရဲ့ကျန်းမာရေး ကောင်းကျိုးများ

(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၂၆

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ နှင်းသီးရဲ့ကျန်းမာရေး ကောင်းကျိုးများအကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    နှင်းသီးမှာ ဆီးချိုကိုထိန်းချုပ်နိုင်တဲ့ အာဟာရဓာတ်တွေပါဝင်ပြီး အစာကြေစေ၊ အဆိပ် အတောက်ပြေစေပြီး နှလုံးကျန်းမာရေး အတွက်လည်း ကောင်းမွန်စေပါတယ်။ ရေဓာတ်လည်းပါဝင်မှုများပြီး protein ၊ vitamin C ၊ dietary fiber ၊ vitamin A ၊ calcium ၊ thiamin ၊ niacin ၊ iron ၊ sulfur နဲ့ potassium ဓာတ်တွေ ပါဝင်ပါတယ်။ ဆီးချိုရောဂါထိန်းချုပ်ဖို့ အထောက်အကူဖြစ်စေပါတယ်။

       နှင်းသီးမှာပါဝင်တဲ့ Jambosine ဆိုတဲ့ဓာတ်က သွေးထဲက သကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ Antimicrobial နဲ့ antifungal အစွမ်းသတ္တိရှိတာမို့ အမျိုးမျိုးသော ကူးစက်မှုတွေကနေ ကာကွယ်နိုင်ပြီး ခုခံအားတိုးစေပါတယ်။ နှင်းသီးမှာ ရေဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေလမ်း ကြောင်းမှ အစားအစာတွေ အစာကြေလွယ်ဖို့အထောက်အကူပြုပါတယ်။ ဝမ်း ချုပ်ခြင်းကို သက်သာစေပါတယ်။

       နှင်းသီးရဲ့အစေ့က အော့အန်ခြင်းကို ကာကွယ်ဖို့အသုံးပြုတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် vitamins A နဲ့ C ကဲ့သို့ antioxidant တွေပါဝင်မှုကြောင့် ကြွယ်ဝစွာပါဝင်မှုကြောင့် ကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ နည်း စေပါတယ်။ နှင်းသီးမှာပါဝင်တဲ့ ဓာတ်တွေက ဆိုဒီယမ်နည်းပါးပြီး ပိုတက်ဆီယမ်များတာကြောင့် ရေဓာတ် လည်း ပါဝင်မှုများတာကြောင့် သွေးဖိအားကျစေပါတယ်။ သွေးတိုးခြင်းဟာ နှလုံးရောဂါကို ဖြစ်ပွား စေတာမို့ နှင်းသီးစားခြင်းကြောင့် နှလုံးကျန်းမာရေးထိခိုက်ခြင်းကို သက်သာစေပါတယ်။ နှလုံးသွေးကြော ပြဿနာများ၊ လေဖြတ်ခြင်း နှလုံးရှော့ဖြစ်ခြင်းတွေဖြစ်ပွားမှု လျော့ကျစေနိုင်ပါတယ်။ 

#PAN