အမေရိကန်ကြောင့် နျူကလီးယားဒုံးကျည်များ တိုးမြှင့်ထုတ်လုပ်သွားမည်ဟု ကင်ဂျုံအွန်ပြော


(နိုင်ငံတကာ) အောက်တိုဘာ ၂၄

အမေရိကန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များဖြင့် ခြိမ်းခြောက်လာမှုများကြောင့်မြောက်ကိုရီးယား နိုင်ငံက နျူကလီးယားဒုံးကျည်များကို တိုးမြှင့်ထုတ်လုပ်သွားရမည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအွန် က ပြောသည်။

ကင်ဂျုံအွန်က အောက်တိုဘာလ ၂၃ ရက်တွင် မဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့များကို လိုက်လံစစ်ဆေးစဉ် ဒုံးကျည်များသည် မြောက်ကိုရီးယားနိုင်ငံ၏ အဟန့်အတားအတွက် အရေးပါသော အရာများဖြစ်ပြီး ဒုံးကျည်စနစ်များကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်သွားရမည်ဟု ညွှန်ကြားခဲ့ကြောင်း KCNA သတင်းဌာန က ဖော်ပြထားသည်။

ထို့ပြင် မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးတပ်ဖွဲ့များသည် မည်သည့်အချိန်အခါတွင်မဆို ရန်သူ့တပ်ဖွဲ့များအပေါ် မဟာဗျူဟာကျစွာ တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ရမည်ဟု ကင်ဂျုံအွန်က ပြောသည်။

မြောက်ကိုရီးယား က ယူကရိန်းစစ်တွင် ပါဝင်နိုင်ရေးအတွက် ရုရှားသို့ စစ်သည်များစေလွှတ်ထားသည်ဟု အမေရိကန်ဘက်က စွပ်စွဲမှု များ လုပ်ဆောင်ထားစဉ် မြောက်ကိုရီးယားခေါင်းဆောင်က ယခုကဲ့သို့ လမ်းညွှန်မှုများ လုပ်ဆောင်လာခြင်း ဖြစ် ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN