သရက်ကန်ကျေးရွာရှိ စာသင်ကျောင်းအတွင်းသို့ အကြမ်းဖက် PDF သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်


(ပြည်တွင်း) အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းအား ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် PDF သမားများက Drop Bomb များဖြင့် အကြောင်းမဲ့ပစ်ချတိုက်ခိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာရှိ အခြေပညာအလယ်တန်းကျောင်း ၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်း စွာပညာသင်ကြား လျက်ရှိစဉ် အကြမ်းဖက် PDFသမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဆရာမ ၁ ဦး၊ ကျောင်းသူ ၃ ဦးနှင့် ဒေသခံပြည်သူ အမျိုးသမီး ၁ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက် PDF သမားများသည် ယခုကဲ့သို့ စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြား နေသည့် ပညာရေးဆိုင်ရာ အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်ပြီး အဆိုပါအကြမ်းဖက်လုပ်ရပ်အပေါ် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN