ဖိလစ်ပိုင်တွင် အပူပိုင်းမုန်တိုင်းကြောင့် လူ ၂၀ ကျော်သေဆုံး


(နိုင်ငံတကာ) အောက်တိုဘာ ၂၄

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းရှိ နေရာအနှံ့အပြားတွင် တစ်လနီးပါးကြာ မိုးရွာသွန်းမှုကြောင့် လူပေါင်း ၂၀ ကျော်သေဆုံးခဲ့ပြီး ရေဘေးသင့်ပြည်သူ ၁၅၀၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်းသိရသည်။

နေရာအနှံ့အပြားတွင် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး လူနှင့်တိရစ္ဆာန်များစွာလည်း ရေဘေးသင့်နေကြောင်းသိရသည်။

လက်ရှိအချိန်တွင် ကယ်ဆယ်ရေးသမားများအား စောင့်ဆိုင်းနေဆဲဒေသခံများလည်းရှိပြီး အန္တရာယ်နှင့် နီးကပ်လာသည့် အခြေအနေဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

ဖိလစ်ပိုင်တွင် နှစ်စဉ် ပျမ်းမျှ တိုင်ဖွန်း မုန်တိုင်း ၂၂ ကြိမ် တိုက်ခတ်ခဲ့ပြီး အချို့မုန်တိုင်းများကြောင့် လူအသေအပျောက်များပြားခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN