ပူတင်နှင့်ရှီကျင့်ဖျင်တို့က ကမ္ဘာ့အစီအစဉ်များကို မျှတမှုရှိစေရန် ခိုင်မာစွာပူးပေါင်းဆောင်ရွက်မည်ဟု ကတိ ပြု


(နိုင်ငံတကာ) အောက်တိုဘာ ၂၄

ယခုနှစ်အတွင်း တတိယအကြိမ်မြောက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုတွင် ကမ္ဘာ့အစီအစဉ်များကို မျှတမှုရှိစေရန် နှစ်နိုင်ငံကြား ခိုင်မာစွာပူးပေါင်း ဆောင်ရွက်သွားရန် ကတိပြုခဲ့ကြောင်း သိရသည်။

ပူတင်နှင့် ရှီကျင့်ဖျင်တို့သည် ရုရှားနိုင်ငံ၊ ကာဇန်မြို့တွင် အောက်တိုဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပသော BRICS အဖွဲ့ထိပ်သီးညီလာခံ၏ ဘေးပန်းတွေ့ဆုံဆွေးနွေးစဉ် ယခုကဲ့သို့ ကတိပြုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ကမ္ဘာ့ရေးရာကိစ္စများတွင် ရုရှားနိုင်ငံနှင့်တရုတ်နိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးနေသည့် အကြောင်းရင်းများအနက် တစ်ခုဖြစ် ကြောင်း ပူတင်က ပြောသည်။

အလားတူ ယနေ့ခေတ် ကမ္ဘာကြီးသည် ရာစုနှစ်တစ်ခုအတွင်း တွေ့မြင်ဖူးခြင်းမရှိသည့် ပုံစံများသို့ ပြောင်းလဲလာနေကြောင်း၊ ကမ္ဘာ့အခြေအနေအရပ်ရပ်သည် ဝရုန်းသုန်းကားဆန်နေကြောင်း ရှီကျင့်ဖျင် က ပြောသည်။

သို့သော် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ကြား မျိုးဆက်အဆက်ဆက် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်မှုသည် ပြောင်းလဲမှုရှိမည်မဟုတ်သလို အင်အားကြီးနိုင်ငံတစ်နိုင်ငံ အနေဖြင့် တာဝန်ရှိမှုကလည်း ပြောင်းလဲသွားမည် မဟုတ်ကြောင်း ရှီကျင့်ဖျင် က ပြောသည်ဟု တရုတ်နိုင်ငံပိုင် သတင်းဌာနတစ်ခုတွင် ဖော်ပြထားသည်ဟု RT သတင်းဌာနမှ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN