နယူးကာဆယ်နှင့် ဂေါ်ဒွန် ကာလရှည်စာချုပ်သစ်ချုပ်ဆိုခဲ့


(အားကစား) အောက်တိုဘာ ၂၄

နယူးကာဆယ်အသင်းဟာ အသင်းရဲ့အင်္ဂလန်တောင်ပံကစားသမား ဂေါ်ဒွန် ကို ကာလရှည်စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်တယ်လို့ အောက်တိုဘာလ ၂၂ ရက်က တရားဝင်ကြေညာခဲ့ပါတယ်။

ဂေါ်ဒွန် ဟာ နယူးကာဆယ် အသင်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကျမှသာ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့်လည်း အသင်းအတွက် ခြေစွမ်းပြကစား နိုင်ခဲ့တာကြောင့် နယူးကာဆယ်အသင်းက စာချုပ်သစ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းရဲ့ ကြေညာချက်မှာ ဂေါ်ဒွန်ရဲ့စာချုပ်သစ်သက်တမ်းကို အတိအကျဖော်ပြထားခြင်း မရှိခဲ့ ပေမယ့် ကာလရှည်စာချုပ်သစ်ကို ချုပ်ဆိုနိုင်ခဲ့တယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။

အသက် ၂၃ နှစ် အရွယ်သာရှိသေးတဲ့ ဂေါ်ဒွန် ဟာ နယူးကာဆယ် အသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့သလို အသင်းအတွက် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇၄ ပွဲမှာ ၁၅ ဂိုးသွင်းယူကာ ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

နယူးကာဆယ်အသင်းက အသင်းကောင်းတစ်သင်းဖြစ်သလို နည်းပြအက်ဒီဟောင်းကလည်း နည်းပြကောင်း တစ်ယောက်ဖြစ်တာကြောင့် အသင်းနဲ့အတူ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ ဂေါ်ဒွန်က ပြော ကြားခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN