ထိုင်းဘတ်ငွေ သန်း ၁၅၀ ခန့်နှင့် အမေရိကန်ဒေါ်လာ ၇ သန်းခွဲကျော် ဗဟိုဘဏ်မှ ထပ်မံရောင်းချပေး


(ပြည်တွင်း) အောက်တိုဘာ ၂၄

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အောက်တိုဘာလ ၂၂ ရက်တွင် ထိုင်းဘတ်သန်း ၁၅၀ ခန့်နှင့် အမေရိကန်ဒေါ်လာ ၇ သန်းခွဲကျော် ထပ်မံထုတ်ရောင်းပေးခဲ့၍ နှစ်လကျော်အတွင်း ထိုင်းဘတ်သန်း ၇၂၀ ခန့်နှင့် ဒေါ်လာသန်း ၃၉၃ သန်းခန့် ရောင်းချပေးထားကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပါတယ်။

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာသန်း ၁၀၀ ကို ဗဟိုဘဏ်အနေဖြင့် ပံ့ပိုးပေးမည် ဖြစ်ကြောင်း ကြေညာ ခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်မှစတင်၍ အမေရိကန်ဒေါ်လာများကို သန်းနှင့်ချီ၍ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

အခုလိုရောင်းချပေးမှုအပါအဝင် ဩဂုတ်လ ၁ ရက်မှ အောက်တိုဘာလ ၂၂ ရက်အထိ နှစ်လခွဲကျော်အတွင်း အမေရိကန်ဒေါ်လာ ၃၉၃ သန်းခန့်၊ ထိုင်းဘတ်ငွေ ၇၁၈ သန်းနှင့် တရုတ်ယွမ်ငွေ ၃၂ သန်းကျော် တို့ကို ရောင်းပေးခဲ့ပြီးဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN