တင်းနစ်လောကသို့ ဝင်ရောက်မယ့် ဥရုဂွေးအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဖော်လန်


(အားကစား) အောက်တိုဘာ ၂၄

ဥရုဂွေးအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဖော်လန်ဟာ ဘောလုံးကစားသမားဘဝကနေ အနားယူပြီး နောက် ဥရုဂွေးနိုင်ငံမှာကျင်းပမယ့် ပရော်ဖက်ရှင်နယ်တင်းနစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မယ်လို့ သိရပါတယ်။

အသက် ၄၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဖော်လန် ဟာ လာမယ့်နိုဝင်ဘာလမှာကျင်းပမယ့် ဥရုဂွေးပရော်ဖက်ရှင်နယ် တင်းနစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အဖြစ် ဝင်ရောက်ကစားသွားမှာဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေက အောက်တိုဘာလ ၂၂ ရက်က ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဖော်လန်ဟာ ၂၀၁၈ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူသွားခဲ့တာဖြစ်ပြီး တင်းနစ်အားကစားကို ကစား နေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လက ကျင်းပခဲ့တဲ့ ITF World တင်းနစ်တိုးရဲ့ MT1000 လီမာပြိုင်ပွဲမှာ ဖော်လန် က ပါဝင်ယှဉ်ပြိုင်ခဲ့သလို အဖွင့်ပွဲ ၃ ပွဲဆက် အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တယ်လို့ လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဥရုဂွေး တိုက်စစ်မှူး ဖော်လန်ဟာ ကစားသမားဘဝမှာ အင်တာမီလန်၊ မန်ယူအသင်းနဲ့ အက်သလက်တီကို စတဲ့အသင်းတို့မှာ ကစားဖူးခဲ့တဲ့ ဂန္ထဝင်ကစားသမားတစ်ယောက် ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN