ကမ္ဘာ့စီးပွားရေးသည် လာမည့် ၅ နှစ်အတွင်း G7 နိုင်ငံများထက် BRICS နိုင်ငံများကို ပိုမိုမှီခိုရမည်ဟုဆို


(နိုင်ငံတကာ) အောက်တိုဘာ ၂၄

IMF ၏ အချက်အလက်များကို ကိုးကာ၍ လာမည့် ၅ နှစ်အတွင်း ကမ္ဘာ့စီးပွားရေးသည် G7 နိုင်ငံများထက် BRICS နိုင်ငံများကို ပိုမိုမှီခိုရမည်ဟုဆို Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။

ရုရှား၏ ဒူးမား ဥက္ကဋ္ဌက ကမ္ဘာ့လူဦးရေး၏ ထက်ဝက်နီးပါးအား ကိုယ်စားပြုသည့် BRICS နိုင်ငံများသည် အင်အားကြီးနိုင်ငံများအဖြစ် လျင်မြန်စွာဖွံ့ဖြိုးလာနေပြီး ရုရှားကို သီးခြားခွဲထုတ်မည့် အနောက်အုပ်စု၏ အစီအစဉ်သည် ပို၍ပင် အချည်းအနှီးဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် အမေရိကန်သမ္မတ ဘိုင်ဒန်၊ ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဂျာမန်အဓိပတိ Olaf Scholz တို့၏ အချိန် ကုန်ဆုံးပြီဖြစ်ကြောင်း သူကဆိုသည်။

Telegram»…
https://t.me/positiveanglenews

PAN