အရက်အတူထိုင်သောက်ရာမှ စကားများရန်ဖြစ်ကာ လူသတ်မီးရှို့မှုဖြစ်ပွားး


(မှုခင်း) အောက်တိုဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၆ လမ်း၊ ၁၂၁×၁၂၂ လမ်းကြား၊ နေအိမ်တွင် ယနေ့ မွန်းလွဲ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က အရက်အတူထိုင်သောက်ရာမှ စကားများရန်ဖြစ်ကာ
လူသတ်မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဒေါ်ခင်ဆန်းလှိုင် ပိုင်ဆိုင်သည့်နေအိမ်အား တစ်လလျှင် ၂၅၀၀၀၀ ကျပ်ဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ ဌားရမ်းနေထိုင်သူ ဦးမင်းကို၊ အသက် ၄၈ နှစ်၊
(ဘ)ဦးဗိုလ်ရီ၊ ယာဉ်မောင်း၊ ချောက်မြို့၊ မကွေးတိုင်းဒေသကြီးနေထိုင်သူသည် နေအိမ်တွင် ဇင်မင်းဦး(ခ)မဲကြီး၊ အသက် ၄၀ နှစ်ခန့်၊ ယာဉ်နောက်လိုက်၊ ငါန်းဇွန်မြို့နယ်နေထိုင်သူနှင့် အရက်အတူထိုင်သောက်နေစဉ်
စကားများရန်ဖြစ်ခဲ့ပြီး ဇင်မင်းဦး(ခ)မဲကြီးမှ ဦးမင်းကို ၏ ငယ်ထိပ်နှင့် မျက်နှာအား ဘိလပ်မြေအုတ်ခဲဖြင့် ထုခဲ့ပြီးအလောင်းအား မီးရှို့သွားခဲ့ကြောင်း သိရသည်။

၎င်းသေဆုံးသူ ဦးမင်းကိုမှာ ယာဘက်ခြေထောက် ဒူးအောက်ပိုင်း မီးလောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ အဆိုပါနေအိမ်တွင် သေဆုံးသူ ဦးမင်းကို၏ ၁၄ နှစ်ခန့်အရွယ်သားဖြစ်သူ ကောင်းစည်သူ၊
ကျောင်းသားနှင့် တူမ ဒေါ်ခင်မျိုးဝင်း၊ အသက် ၃၈ နှစ်တို့ အတူနေထိုင်ကြောင်း၊ သားဖြစ်သူ ကောင်းစည်သူ မှာ အောက်တိုဘာ ၁၃ ရက်နေ့မှစ၍ အဖိုးအဖွားများနေထိုင်သည့် ချောင်းသာသို့ ရောက်​​နေကြောင်း သိရသည်။

သေဆုံးသူ ဦးမင်းကိုအား အုတ်ခဲဖြင့် ထုနှက်ပြီး မီးရှို့သတ်ဖြတ်သွားသူ ဇင်မင်းဦး(ခ)မဲကြီးအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စုံစမ်းမှုများဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။။

Telegram»…
https://t.me/positiveanglenews

PAN