အဆုတ်ကို ကျန်းမာစေတဲ့ အစားအစာများ

(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၂၄

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ အဆုတ်ကို ကျန်းမာစေတဲ့ အစားအစာများအကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    အစိမ်း‌ရောင်အရွက်တွေ အထူးသဖြင့် ကိုက်လန်မှာ antioxidants ဖြစ်တဲ့ vitamins A, C, E နဲ့အပြင် phytochemicals (carotenoids) တွေပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားမှုကိုလည်း လျော့ကျစေပါတယ်။ ပန်းပွင့်စိမ်းမှာ sulforaphane ဓာတ်ပါဝင်ပြီး အဲ့ဒီဓာတ်ကြောင့် အဆုတ်ထဲက ဆဲလ်တွေရဲ့ လုပ်ဆောင် ချက်ကို ကောင်းမွန်စေပါတယ်။ အဆုတ်ကို ပျက်စီးစေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။ Vitamin C လည်းပါဝင်တာကြောင့် ခုခံအားကောင်းစေပါတယ်။ အဆုတ်ကြောင့် ဖြစ်တဲ့ အဖျားအနာမျိုးတွေလည်း မဖြစ်နိုင်တော့ပါဘူး။

      ဆော်လမွန်ငါးမှာ amino acid ဓာတ်တွေ ပါဝင်တာကြောင့် အာဟာရတွေ စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်ထဲက တစ်ရှုးတွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

       လိမ္မောသီးမှာပါဝင်တဲ့ calcium ကြောင့် အဆုတ်ကို အထောက်အကူပြုပါတယ်။ နာတာ ရှည် အဆုတ်ရောဂါတွေကို လျော့ပါးစေပါတယ်။ Vitamin C ဓာတ်လည်း ပါဝင်တာကြောင့် ခုခံအားကို တိုးစေပါတယ်။

        ပန်းသီးမှာ quercetin ဆိုတဲ့ဓာတ် ပါဝင်ပါတယ်။ အဲ့ဒီဓာတ်ကြောင့် အဆုတ်ကို အကျိုးရှိ စေပါတယ်။ ရင်ကြပ်ခြင်းကိုလည်း လျော့ကျစေပါတယ်။

        သစ်ကြားသီးမှာ magnesium ပါဝင်ပြီး သင့်အဆုတ်ကြွက်သားတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ omega-3 fatty acids လည်းပါဝင်တာကြောင့် အဆုတ်လေပြွန်ရောင်ရမ်းတာမျိုးကိုလည်း သက်သာ စေပါတယ်။

       ခရမ်းချဥ်သီးမှာ lycopene ဆိုတဲ့ဓာတ်က ပါဝင်တာကြောင့် အဆုတ်ကို ကျန်းမာစေပါတယ်။ တစ်ရက်ကို ခရမ်းချဥ်သီး၂လုံးခန်ံစားပေးခြင်းအားဖြင့် Vitamin C လည်းပါဝင်တာကြောင့် ‌အဆုတ် အတွင်း ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေပါတယ်။

      ငရုတ်ပွမှာ vitamin C ပါဝင်တာကြောင့် အဆုတ်နဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားမှု ကနေ ခံနိုင်ရည်လည်း ရှိစေပါတဘ်။ ရင်ကြပ်နဲ့ အဆုတ်လေပြွန်ပြဿနာတွေကို ကူညီနိုင်ပါတယ်။

      မှိုမှာ vitamin D ပါဝင်တာကြောင့် အဆုတ်လုပ် ဆောင်ချက်တွေကို ကူညီနိုင်ပါတယ်။ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေကို ခုခံအားတိုးစေပါတယ်။

        ဥအမျိုးမျိုးမှာ omega-3 နဲ့ protein ဓာတ်တွေ ပါဝင်တာကြောင့် ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန် လည်ပြုပြင်ပေးနိုင်ပါတယ်။

#PAN