ရုရှားတွင်ကျင်းပသည့် BRICSထိပ်သီးညီလာခံသို့ကုလအတွင်းရေးမှူးချုပ်တက်ရောက်


(နိုင်ငံတကာ) အောက်တိုဘာ

ရုရှားနိုင်ငံ၊ ကက်ဇန်မြို့တွင်ကျင်းပနေသည့် (၁၆)ကြိမ်မြောက် BRICS ထိပ်သီးညီလာခံသို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတက်ရောက်ရန် ဖိတ်ကြားမှုကို လက်ခံတက်ရောက်သည့်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အား ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကန့်ကွက်ခဲ့သည်။

အဆိုပါညီလာခံသည် ကမ္ဘာ့လူဦးရေတစ်ဝက်နီးပါးကိုကိုယ်စားပြုသောကြောင့် ကုလသမဂ္ဂပတွက်အရေးပါသောကြောင့် မပျက်မကွက်တက်ရောက်ခြင်းဖြစ်ကြောင်း အန်တိုနီယို ဂူတာရက်၏ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

အဆိုပါညီလာခံတွင် ကမ္ဘာ့ထိပ်သီးနိုင်ငံများဖြစ်သည့် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်အာဖရိနှင့် ဘရာဇီးလ်နိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်သည့်အတွက် ကမ္ဘာ့ခေါင်းဆောင်များနှင့်လည်း တွေ့ခွင့်ရကြောင်းပြောကြားခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN