နောင်ချိုမြို့နယ်အတွင်း မြန်မာ့တပ်‌မတော်မှ ထိုးစစ်ဆင်ဆောင်ရွက်လျှက်ရှိရာ အကြမ်းဖက် TNLAအဖွဲ့နှင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွား


(ပြည်တွင်း) အောက်တိုဘာ ၂၃

အကြမ်းဖက် TNLA ၏ တပ်မဟာ (၂)အဖွဲ့ထိန်းချုပ်ထားသောနယ်မြေ နောင်ချိုမြို့ ၊ ဂန့်ကော်ကျေးရွာရှိ စာသင်ကျောင်းနေရာတွင် တပ်စွဲထားသော အကြမ်းဖက် TNLA နှင့် မြန်မာ့တပ်မ‌တော်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ယမန်နေ့ နေလည် ၁၂ နာရီ ၃၀ မိနစ်အချိိန်ခန့်တွင် နောင်ချိုမြို့၊ ဂန့်ကော်ကျေးရွာရှိ စာသင်ကျောင်းနေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLA အကြမ်းဖက်အဖွဲ့များ အထိနာ‌နေပြီး စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းနေရာတို့ကို တပ်မတော်စစ်ကြောင်းဖက်က ဒရုန်းဖြင့် ၂ ကြိမ်၊ ဗုံး ၁၈ လုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့သဖြင့် TNLA ဖက်မှ ထိခိုက်ကျဆုံးမှုများရှိကြောင်း ၊ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးရှင်းလင်းနေသည်ဖြစ်၍ ဒေသခံများ ‌ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN