စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး တရားခံ ဝင်းသိန်းကို ပြစ်ဒဏ်ချမှတ်


(မှုခင်း) အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘို့နယ်၊ ဘိုးတော်တောကျေးရွာမှ တရားခံ ၁ ဦးအား ယမန်နေ့က စစ်အုပ်ချုပ်ရေး (Martial Law)စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ရွှေဘိုမြို့နယ် ဘိုးတော်တောကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့ခြင်း၊ ကင်းစောင့်ခြင်း၊ လက်နက်ခဲယမ်းများ ဝယ်ယူရန် ငွေကြေးများ ထောက်ပံ့ခြင်း၊ အကြမ်းဖက်အဖွဲ့အတွက် စားနပ်ရိက္ခာများ အကြိမ်ကြိမ် ဝယ်ယူပို့ဆောင်ပေးခြင်း ကျူးလွန်ခဲ့သူ တရားခံ ဝင်းသိန်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)တို့အရ ထောင်ဒဏ် တစ်သက် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN