ကွမ်းပင်ရေတာဝါစခန်းကို လာရောက်တိုက်ခိုက်သော အကြမ်းဖက် PDF အဖွဲ့များကို နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ လိုက်လန်ရှင်းလင်း


(ပြည်တွင်း) အောက်တိုဘာ ၂၃

ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ရှိ ကွမ်းပင်ရေစခန်း၏ အနောက်မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာပတ်လည် နယ်မြေရှင်းလင်းနေသော စစ်ကြောင်းနှင့် အကြမ်းဖက် PDF ၆၀ ဦးတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် PDF အဖွဲ့မှ မြောက်အရပ်သို့ ဆုတ်ခွာသွားပြီး ဖြစ်စဉ်တွင် လုံခြုံရေးအဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက် PDF အဖွဲ့ထံမှ ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

ကွင်းပင်ရေစခန်းအား အကြမ်းဖက် PDF အဖွဲ့မှ အောက်တိုဘာ ၂၀ ရက်နေ့မှစပြီး အကြိမ်ကြိမ် Drop Bone ချတိုက်ခိုက်လျှက်ရှိရာ မြေပြင်လှုပ်ရှားစစ်ကြောင်း အကူရယူ၍ အကြမ်းဖက်သမားများကိုလိုက်လန်ရှင်းလင်းလျက်ရှကာ အဆိုပါအကြမ်းဖက် PDF အဖွဲ့ထံမှ ကျည်အိမ် ၅ ခု၊ ကျည် ၂၀၀ တောင့်ကျော်၊ ကျည်ကာအင်္ကျီ ၂ ထည်၊ ကျည်ကာဦးထုပ် ၁ လုံး၊ မီးစက် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN