သန်းခေါင်စာရင်း ကောက်ယူသည့် အဖွဲ့အား ထမင်းချက် ကျွေးခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရ


(ပြည်တွင်း) စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဆုံမကျီးပင်ကျေးရွာတွင် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က အုပ်ချုပ်ရေးမှူးဟောင်းအား စစ်သွေးကြွ PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။

ဖြစ်စဥ်မှာ နတ်မောက်မြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ် အစပ်ရှိ ဆုံမကျီးပင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးမင်းဇော်သည် သန်းခေါင်စာရင်း ကောက်ယူသည့် အဖွဲ့ကို ထမင်းချက် ကျွေးခဲ့မိသဖြင့် ကျေးရွာနှင့် တစ်မိုင်ခန့်အကွာတွင် နွားကျောင်းနေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင် နှစ်ဦးရောက်ရှိလာပြီး သေနတ်အတိုဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

အဆိုပါအကြမ်းဖက် PDF နှစ်ဦး၏ ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးဟောင်း ဦးမင်းဇော်တွင် ရင်ညွန့် ဖောက်ဝင် ဒဏ်ရာ၊ ဝဲနားထင် ဖောက်ဝင်၊ ယာနားထင် ဖောက်ထွက်ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN