သခွားသီးရဲ့ side effect များ

(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၂၃

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ သခွားသီးရဲ့ side effect များအကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    တခါတလေ သခွားသီးကို လတ်လတ်ဆတ် ဆတ် လှီးဖြတ်တဲ့ အခါမှာ ခါးပြီး အရသာမရှိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သခွားသီးထဲမှာ သခွားသီးကို ခါးသွားစေတဲ့ cucurbitacins နဲ့ tetracyclic triterpenioid ကဲ့သို့သော ဓာတုပစ္စည်းတွေ ပါဝင်နေတာကြောင့်ဖြစ်ပါတယ်။

       အဆိုပါ အဆိပ်သင့် ဓာတုပစ္စည်းတွေဟာ ကျန်း မာရေးကို ထိခိုက်စေနိုင်ပြီး ဓာတ်မတည့်မှုတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ သခွားသီးဟာ ပိုတက်စီယမ် အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး သွေးပေါင်ချိန်ပြဿနာတွေကို ထိန်းညှိပေးပါတယ်။ ဒါပေမယ့် အလွန်အကျွံ စားသုံးခြင်းဟာ bloating၊ ကြွက်တက်ခြင်း၊ အစာအိမ်နဲ့ ကျောက်ကပ်ကျန်းမာရေးတို့်ကို ဖြစ်စေနိုင်တဲ့ Hyperkalemia ကျန်းမာရေး အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။

       နောက်ပြီးတော့ သခွားသီးကို အလွန်အကျွံစားသုံးမိရင် ရေဓာတ်ဆုံးရှုံးပြီး ရေဓာတ်ခန်း ခြောက်နိုင်ပါတယ်။ သခွားသီးကလည်း သွေး ကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ 

#PAN