မရမ်းကုန်းမြို့နယ် အမှတ်(၈)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား


(မှုခင်း) အောက်တိုဘာလ ၂၂

ယနေ့နံနက် ၆ နာရီ ၃ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းတွင် မီးလောင်မှုဖြစ်ပွားပြီး Level 2 ယာဉ်အုပ်စုဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါမီးလောင်မှုအား သမိုင်းနယ်မြေမီးသတ်းစခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရန်ကင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃)စီး ကနဦးထွက်ခွာငြှိမ်းသတ်ခဲ့ပြီး Level 2 ယာဉ်အုပ်စုဖြင့် ထပ်မံငြှိမ်းသတ်ခဲ့ကာ နံနက် ၆ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးသတ်ဦးစီးဌာန

Telegram»…
https://t.me/positiveanglenews

PAN