ပြည်ကြီးတံခွန်မြို့နယ်တွင် မြေကွက်ဖော်ရာမှ လက်လုပ်မိုင်းများတွေ့ရှိ


(မှုခင်း) စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ အကွက်(ထထ-၂၅)၊ ၄၄×၄၅ လမ်းကြား၊ ၁၂၇×၁၂၈ လမ်းကြား၌ မြေကွက်ဖော်ရာမှ လက်လုပ်မိုင်း ၁၀ လုံးအားတွေ့ရှိခဲ့ရကြောင်း သိရသည်။

ယနေ့မွန်းလွဲ ၄ နာရီအချိန်ခန့်က မန္တလေးမြို့တော် စည်ပင်၊ လမ်းတံတားဌာနမှ စက်ယန္တယားများ​ဖြင့် (ဋ)ရပ်ကွက်တွင် အကွက်ဖော်ခြင်း၊ လမ်းထိုးခြင်းဆောင်ရွက်ခဲ့ရာ မြေကြီးအတွင်း မြှပ်ထားသည့် ကွန်ကျူးပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁၀ လုံးအား တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လက်လုပ်မိုင်း ၁၀ လုံးအား သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ လာရောက်သိမ်းဆည်းသွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN