ထိုင်ဝမ်ရေလက်ကြား နောက်အုပ်စုမှစစ်သင်္ဘောများ ဖြတ်သန်းမှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို လျော့ပါးစေနိုင်ဟု တရုတ်မှ


(နိုင်ငံတကာ) အောက်တိုဘာ ၂၂

အမေရိကန်နှင့်ကနေဒါစသည့် အနောက်အုပ်စုမှ စစ်သင်္ဘောများက ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းမှု သည် ဒေသတွင်းလုံခြုံရေးနှင့်တည်ငြိမ်ရေးတို့ကို လျော့ပါးစေကြောင်း တရုတ်တပ်မတော်က အောက်တိုဘာလ ၂၁ ရက်တွင် ပြောသည်။

တရုတ်တပ်မတော်ဘက်က ထိုင်ဝမ်ကျွန်းကို ဝိုင်းပတ်ပိတ်ဆို့သည့် စစ်ရေးဇာတ်တိုက် လေ့ကျင့်မှု လုပ်ဆောင်ပြီးနောက် သီတင်းပတ်တစ်ပတ်အကြာတွင် အမေရိကန်နှင့်ကနေဒါတို့မှ စစ်သင်္ဘောများ က အောက်တိုဘာလ ၂၀ ရက်တွင် ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းခြင်းဖြစ်သည်။

တရုတ်တပ်မတော် အရှေ့ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်မှ ရေတပ်နှင့်လေတပ်တို့က အမေရိကန်၏ ပဲ့ထိန်းဒုံးကျည်တင့်ဖျက် သင်္ဘောနှင့် ကနေဒါ၏ဖရီးဂိတ် စစ်ရေယာဉ်တို့ ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းသွား သည်ကို အနီးကပ်စောင့်ကြည့်ခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့်လည်း နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် လုံခြုံရေးကိုသာမက ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့ကို ကာကွယ်ရန် အမြင့်ဆုံးအဆင့်အထိ သတိရှိ နေကြောင်း ထိုဌာနချုပ်မှပြောရေးဆိုခွင့်ရှိသူ လီရှီ က ပြောသည်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းကို ၎င်းတို့၏ ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားသည့်အပြင် အမေရိကန်နှင့်ကနေဒါတို့ကလည်း ယင်းကျွန်းနှင့်တရားဝင် သံတမန်ဆက်ဆံရေးထူထောင်ထားခြင်း မရှိသည်ကို တွေ့ရသည်။

Telegram»…
https://t.me/positiveanglenews

PAN