တရုတ်နှင့်အိန္ဒိယတို့က နယ်စပ်ကင်းလှည့်ရေးအစီအစဉ် သဘောတူညီချက် ရရှိခဲ့


(နိုင်ငံတကာ) အောက်တိုဘာ ၂၂

တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် ဟိမဝန္တာဒေသရှိ နယ်စပ်ဒေသတွင် ကင်းလှည့်ရေးအစီအစဉ်နှင့် ပတ်သက်၍ နှစ်နိုင်ငံကြား သဘောတူညီချက် ရရှိထားပြီ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗီခရန် မစ္စရီ က အောက်တိုဘာလ ၂၁ ရက်တွင် ပြောသည်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ရုရှားနိုင်ငံ၌ပြုလုပ်မည့် BRICS ထိပ်သီး ညီလာခံ၏ ဘေးပန်းဆွေးနွေးပွဲတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံသွားရန် စီစဉ်ထားသည်။

ယခုလို သဘောတူညီချက် ရရှိနိုင်ရေးအတွက် နှစ်နိုင်ငံစလုံးမှ စစ်ဘက်နှင့်သံတမန်ရေးရာ တာဝန်ရှိသူများ က အပြန်အလှန် ဆွေးနွေးမှုများ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ ရသည်ဟု ဗီခရန်မစ္စရီ က ဆက်ပြောသည်။

အဆိုပါ နှစ်နိုင်ငံကြား နယ်စပ်ရေးရာနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ်များတွင် တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားမှုများ ဖြစ်ပွား ခဲ့ကြောင်း RTA သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN