One Friday Fights 84 ပွဲစဉ်တွင် မြန်မာကိုယ်စားပြု ဖိုက်တာ ၂ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်


(အားကစား) အောက်တိုဘာ ၂၁

လာမယ့် အောက်တိုဘာလ ၂၅ ရက် ည ၇ နာရီခွဲအချိန်တွင် ပြုလုပ်မည့် One Friday Fights 84 ပွဲစဉ်၌ မြန်မာကိုယ်စားပြု ဖိုက်တာ ၂ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ONE ၏ တရားဝင်အသိပေးထုတ်ပြန် ချက်အရ သိရပါတယ်။

ပါဝင်ယှဉ်ပြိုင်မယ့် ဖိုက်တာနှစ်ဦးကတော့ ရိုးရာဖိုက်တာ စောအဲမွီ နှင့် မွေထိုင်းဖိုက်တာ ဆွန်ရက် တို့ ဖြစ်ပြီး စောအဲမွီ အနေဖြင့် ဂမ်ဘီယာ/ဆွတ်ဇလန်ဖိုက်တာနှင့် ယှဉ်ပြိုင်ရမှာဖြစ်သလို ဆွန်ရက် အနေဖြင့် ဂျပန်နိုင်ငံသားနှင့် ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။

ရိုးရာဖိုက်တာ စောအဲမွီ အနေနဲ့ ONE တွင် ဒုတိယအကြိမ် ယှဉ်ပြိုင်ခြင်းဖြစ်ကာ လက်ရှိတွင် ထိုင်းနိုင်ငံမှာ လေ့ကျင်ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN