AI ပရောဂျက်အား ဖျက်စီးမှုကြောင့် Tiktok က ဝန်ထမ်းတစ်ဦးအား အလုပ်မှထုတ်ပယ်


(နိုင်ငံတကာ) အောက်တိုဘာ၂၁

Tiktok ကုမ္မဏီ Byte Dance က ၎င်းတို့၏ AI ပရောဂျက်အား ဖျက်စီးမှုကြောင့် Tiktok က အလုပ်သင်ဝန်ထမ်းတစ်ဦးအား အလုပ်မှထုတ်ပယ်လိုက်ကြောင်းသိရသည်။

အဆိုပါ ပရောဂျက်ပျက်စီးဆုံးရှုံးမှုနှင့် ထုတ်ပယ်ခံရသည့် ဝန်ထမ်း၏ ရာထူးနှင့်အဆင့်အတန်းအား ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်းသိရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဆိုရှယ်မီဒီယာတွင် အဆိုပါအဖြစ်အပျက်နှင့် ပတ်သက်ပြီး သတင်းများ ပျံ့နှံ့ခဲ့ပြီးနောက် ယခုလို ထွက်ပေါ်လာခြင်းဖြစ်သည်။

ByteDance က အဆိုပါဖြစ်ရပ်သည် အင်အားကြီးမားသော ဂရပ်ဖစ်လုပ်ဆောင်ခြင်းယူနစ် (GPU) ဖြင့် ပြုလုပ်ထားသည့် AI လေ့ကျင့်ရေးစနစ်ကို အနှောင့်အယှက်ဖြစ်စေသဖြင့် ဒေါ်လာ 10 သန်းကျော် ပျက်စီးစေခဲ့ကြောင်း သတင်းများကို ငြင်းဆိုထားသည်။

Telegram»…
https://t.me/positiveanglenews

PAN