သီတင်းကျွတ်လပြည့်နောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်း


(ပြည်တွင်း) အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာလ ၂၀ ရက်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လျှပ်စီး လက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများပါ ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၁ ရက် အစောပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင် သစ်ပင်များလဲပြိုခြင်းနှင့် ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။

ယခုကဲ့သို့ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများမှာ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့်ဖြစ်ပြီး မိုး/ဇလမှ အထူးမိုးလေဝသသတင်းအဖြစ် အောက်တိုဘာလ ၂၃ ရက်တွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း အသိပေးထုတ်ပြန်ထားရှိပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN